မင်းလှမြို့နယ်၌ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေး ကျေးလက်လမ်းများ အဆင့်မြှင့်တင်မည်

အထက်မင်းလှ ဇွန် ၂၃

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်တွင် ကျေးရွာချင်းဆက် လမ်းများအား မြေနီလမ်းနှင့် ကျောက်ချောလမ်းခင်းခြင်းများ အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်သည်။

 

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်မည် ကဒေါင်းကျင်း-မကျီးကိုင်း-လက်ပံတံခါး ကျေးရွာချင်းဆက်လမ်း အရှည်(၂/၀မိုင်)၊ ကတဲ-ပုသိမ်-မုံရွာလမ်း အရှည် ၂ မိုင် ၂ ဖာလုံ၊ အိုင်းမကံ-လည်လျားရှည် လမ်းအရှည်(၂/၀)မိုင်လမ်းတို့အား လမ်းအကျယ် ၁၈ ပေ၊ ထု ၈ လက်မ မြေနီခင်းခြင်း၊ တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် ပေတောကုန်း-စမ်း(ကံ)-လင်းကယ်-သရက်-မင်းလှလမ်း အရှည်(၃/၁)မိုင်၊ ပရဆိုင်-ကောက်ကလိမ်-ပနီဆုံလမ်းအရှည် (၄/၀)မိုင် တို့အား လမ်းအကျယ် ၁၈ ပေ၊ ထု ၈ လက်မ မြေနီခင်းခြင်းနှင့် ဒေါင်းဘုတ်-သရက်-မင်းလှလမ်း အရှည် (၀/၄)မိုင်၊ လမ်းအကျယ် ၁၆ ပေ၊ ထု ၆ လက်မ ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ညှင်းသွန်း-ဘွဲ့-သရက်-မင်းလှလမ်းပေါ်ရှိ အကျယ် ၁၈၀ ပေအား မြေထိန်းနံရံ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)