မင်းလှ ဇွန် ၁၁

 

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပေးဟောပြောခြင်းကို အထက (မင်းလှ) မြို့ပြင်ကျောင်း အေးမြသီတာခန်းမ၌ ပြုလုပ်သည်။

 

အသိပညာပေးဟောပြောပွဲတွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလှလှပြုံးက စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာ၊ မွေးမြူရေးအတတ်ပညာ ရွေးချယ်သင်ယူနိုင်မည့် အခွင့်အလမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)