မင်းလှမြို့နယ်၌ သောက်သုံးရေဖူလုံမှုရရှိစေရန်အတွက်   ရေပိုက်လိုင်းသွယ်တန်းမည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အထက်မင်းလှ ဒီဇင်ဘာ  ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊  မင်းလှမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ၆ လတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အထွေထွေရန်ပုံငွေစာရင်း(GRF)မှမင်းလှမြို့နယ်တွင်     သောက်သုံးရေဖူလုံမှု ရရှိစေရန် မြင်ကျ‌‌တောင်‌ရေပေးရေးစီမံကိန်းအားခွင့်ပြုချထားပေးလျက်ရှိရာ ရေပိုက်လိုင်းသွယ်တန်းခြင်း ဆောင်ရွက်မည့်နေရာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီ အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ  ဝန်ထမ်းများက ယမန်နေ့ညနေ ၄ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံမှုရှိစေရန်အတွက် မြို့မတိုက်နယ်၊ ရွာတော်ကျေးရွ ၊ ကျောက်မှော်ကျောင်းအနီး     မြင်ကျတောင်မှ ပင်မရေစုကန်သို့ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း   ၉ခုဆောင်ရွက်ရန်  ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊၆လတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာရင်း(GRF)မှ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၃၇၉.၂၅)အား ခွင့်ပြုချထားပေးခြင်း ဖြစ်ပြီးရေပိုက်လိုင်းသွယ်တန်းမည့်နေရာအားတာဝန်ရှိသူများက   ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲရာ  ရေပိုက်လိုင်းသွယ်တန်းမည့် အခြေအနေများကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ     တာဝန်ခံအင်ဂျင်နီယာဦးညီညီထွန်းက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါရေပိုက်လိုင်း သွယ်တန်းမည့် လုပ်ငန်းများ‌ ဆောင်ရွက်ရာတွင်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)