မင်းလှမြို့နယ်၌ သရက်(ပိတောက်ပင်)-မင်းလှလမ်း ကုန်းမြင့်ဖြတ်ထုတ်ခြင်းလုပ်ငန်းနှင့် ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

အထက်မင်းလှ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ မင်းလှမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခြောက်လတွင် မကွေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သရက်(ပိတောက်ပင်)-မင်းလှလမ်းအား ကုန်းမြင့်ဖြတ်ထုတ်ခြင်းလုပ်ငန်းနှင့် ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းများကို    မင်းလှမြို့နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်၁၁နာရီက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ   ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်တွင် သရက်(ပိတောက်ပင်)-မင်းလှလမ်း 91.73km နှင့် 92.13km (မိုင်၅၇/၀-၅၇/၂) အတွင်း အတက်အဆင်းပြေပြစ်စေရန် (၅၀၀’×၄၀’×၅’) ပျမ်းမျှကုန်းမြင့်ဖြတ်ထုတ်ခြင်းနှင့် (၁၈’)အကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၃၈.၃၀၇ ခွင့်ပြုချထားပေးခဲ့ပြီး  မြို့နယ်လမ်းဦးစီးဌာနမှ လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)