မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၁၅)လုံး ပျက်စီးမှုဖြစ်ပွား

အထက်မင်းလှ   ဧပြီ ၂၁

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧပြီ ၂၀ ရက် ညနေပိုင်းက လေပြင်းတိုက်ခိုက် မှုကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် လူနေအိမ် (၁၅)လုံး အမိုးလန် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခိုက်မှုကြောင့် နဂါးအိုင်ကျေးရွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် လူနေအိမ် (၈)လုံး၊ ကညှင်းကြီးကျေးရွာတွင် လူနေအိမ် (၆)လုံး၊ မလွန်စမ်းကျေးရွာတွင် လူနေအိမ် (၁)လုံး၊ စုစုပေါင်း လူနေအိမ် (၁၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့ အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူနှင့် တရစ္ဆန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

လေပြင်းတိုက်ခိုက်မှုကြောင့် မလွန်စမ်းကျေးရွာ၊ ကညှင်းကြီးကျေးရွာနှင့် နဂါးအိုင်ကျေးရွာတို့မှ ပျက်စီးနေအိမ်များနှင့် မိသားစုဝင်များအား မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့က ကူညီကယ်ဆယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)