မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေပေးအပ်

အထက်မင်းလှ  ဧပြီ ၂၂

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧပြီ ၂၀ ရက် ညနေပိုင်းက        လေပြင်း တိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် ကညှင်းကြီးကျေးရွာ၊ မလွန်စမ်းကျေးရွာနှင့် နဂါးအိုင်ကျေးရွာ များမှ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ်(၁၅)လုံးနှင့် ဘုန်းကြီး‌ကျောင်း တစ်ကျောင်းတို့အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ဧပြီ ၂၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ကညှင်းကြီးကျေးရွာမှ နေအိမ်(၆)လုံး၊ မလွန်စမ်းကျေးရွာမှ နေအိမ်(၁)လုံး၊ နဂါးအိုင်ကျေးရွာမှ နေအိမ်(၈)လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိတို့က အိမ်ဆောက်ပစ္စည်းတန်ဖိုး (၃၂၀၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး (၉၆၆၀ဝိ/) စုစုပေါင်း(၄၁၆၆၀ဝိ/)တို့ကို မိသားစုဝင်များထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)