မင်းလှမြို့နယ်တွင် သင်္ကြန်ပွဲတော် ကာလအတွင်း မှုခင်းမဖြစ်ပွားစေရေး အသိပညာပေးဟောပြော

မကွေး ၆  ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့၊ မင်းလှမြို့မရဲစခန်း၊ ညောင်းဝိုင်းရဲကင်းမှူး ရဲအုပ် သန်းတင်မောင် ဦးစီးသောအဖွဲ့သည် သင်္ကြန်ပွဲတော်ကာလအတွင်း မှုခင်းမဖြစ်ပွားစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက မင်းလှမြို့နယ်ရှိ စမ်းအိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဟောပြောပွဲတွင် မှုးယစ်ဆေးဝါး၊ စိတ်ကြွဆေးဝါးများ၏ ဆိုးကျိုးများ၊ အရက်ကြောင့် ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များ ချပြရှင်းလင်းခြင်း၊ သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူ၊ ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့်ချက်များ၊ မှုခင်းမဖြစ်ပွားစေရေး သတိပြုရှောင်ကြဉ်ရမည့် အချက်တို့နှင့် စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

‌အေအေတီ