မင်းလှ၌ မီးဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်

မင်းလှ မေ ၁

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနက မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မေ  ၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းဇော်ဖြိုးမင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသီမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မိုးဝင်းနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့က သရော(ဂျီ)အုပ်စု၊ ငှက်ကြီးသိုက်ကျေးရွာတွင် မေ ၁ ရက် နံနက် ၂ နာရီ မိနစ်၂၀ ခန့်ကဖြစ်ပွားသော မီးဘေးမှ လောင်ကျွမ်းပျက်စီး လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂)သိန်းကျပ်၊ မီးဘေးသင့်မိသားစုဝင် (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၄၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၂)ပုံးအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပေါက်စ (မင်းလှ)