မြင်းမူမြို့မ သစ်တောပျိုးဥယာဉ်မှ ပျိုးပင်ပေါင်း(၁၀ဝ၀ဝ)ကျော် ပြည်သူများထံ ဖြန့်ဝေပြီးစီး

မြင်းမူ  ၁၇   ဇွန်

 

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သစ်ပင်သစ်တောများ ပိုမိုဖြစ်ထွန်းလာရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်  သစ်တောဦးစီးဌာန မြို့မပျိုးဥယာဉ်မှ ပြည်သူများစိုက်ပျိုးနိုင်ရေးအတွက် ယခုချိန်ထိ ပျိုးပင်ပေါင်း(၁၀ဝ၀ဝ)ကျော် အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

ပျိုးပင်များကို နှစ်စဉ်မိုးဦးကျရာသီအမီ ပြည်သူများရယူစိုက်ပျိုးနိုင်ရန်အတွက်  ဒေသနှင့်ကိုက်ညီသော ပျိုးပင်များကို နှစ်စဉ်ပျိုးထောင်ဖြန့်ဝေပေးလျှက်ရှိကြောင်း ပျိုးပင်များကို ကျေးလက်ပြည်သူများ၊ အခြေခံပညာကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် အဖွဲ့အစည်းအသီးသီးတို့က  လာရောက်ထုတ်ယူစိုက်ပျိုးလျှက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးတင့်ထံမှ သိရှိရသည်။

 

ယခု ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် စိုက်ပျိုးသူများထံဖြန့်ဝေပေးရန်အတွက် ပျိုးပင်များဖြစ်သော ကျွန်းပင် (၁၀ဝ၀ဝ)၊ ယူကလစ်ပင်(၁၃၀ဝ၀)၊ မယ်ဇလီပင်(၃၀ဝ၀)၊ ရေတမာပင်(၁၀ဝ၀)နှင့် ရိုးရိုးတမာပင် (၆၀ဝ၀) စုစုပေါင်း ပျိုးပင်(၃၀ဝ၀ဝ) ပျိုးထောင်ထားရှိပြီး ယခုအခါ ပျိုးပင်ပေါင်း (၁၀ဝ၀ဝ)ကို ဖြန့်ဝေနိုင်ခဲ့ကြောင်းနှင့် ပျိုးပင်များကို မည်သူမဆို အခမဲ့လာရောက် ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။


                                                                        
အောင်စိုးဖေ(မြင်းမူ)                        

 

IMG_201