မင်းပြားမြို့၌ ကမ်းပါးပြိုကျကာ ပျက်စီးဆုံးရှုံးသွားသော နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

မြောက်ဦး  ၂၈ ဇူလိုင် 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၌ ရေကြီးနစ်မြုပ်မှုများကြောင့် ကမ်းပါးပြိုကျကာ ပျက်စီးဆုံးရှုံးသွားသော နေအိမ်များမှ မိသားစုဝင်များအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁  နာရီက အဆိုပါမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။    

 

5944

 

ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းနှင့် တာဝန်ရှိဝန်ထမ်းများက ကမ်းပါးပြိုကျကာ အိမ်များပျက်စီးဆုံးရှုံးသွားသည့် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်မှ နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး နေအိမ်တစ်လုံးလျှင် (၁) သိန်းနှုန်းဖြင့် (၆) သိန်းကျပ်အားလည်းကောင်း၊ ပြည်တော်သာရပ်ကွက်မှ ပျက်စီးသွားသော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) သိန်းကျပ်အားလည်းကောင်း၊ အဆိုပါရပ်ကွက်နှစ်ရပ်ကွက်ရှိ ပျက်စီးဆုံးရှုံးသွားသော စုစုပေါင်းအိမ်ထောင်စု (၇)စုမှ လူဦးရေ ၃၀ ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ ၆၃၀ဝဝ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၅ မျိုးတို့အား ကမ်းပါးပြိုကျမှု သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသော ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
 
ခရိုင်(ပြန်/ဆက်)