မင်းပြားမြို့နယ် ခိုလှုံရာစခန်းရှိ အိမ်ထောင်စုဝင်များ၊ သေဆုံးသွားသူများနှင့် ဒဏ်ရာရလူနာများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

မြောက်ဦး ၇  ဇွန်


    
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ကျေးရွာအချို့ရှိ ခိုလှုံရာဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းများသို့ ခိုလှုံရောက်ရှိလာသော အိမ်ထောင်စုဝင်များ၊ သေဆုံးသွားသူများနှင့် ဒဏ်ရာရလူနာများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဇွန်လ ၅ ရက် မွန်းတည့် ၁၂ နာရီအချိန်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  အဆိုပါ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကာထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

666

 

ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်နှင့် ဝန်ထမ်းများက ခိုလှုံရာ ကယ်ဆယ်ရေး စခန်း ၇ ခုတွင် ရောက်ရှိခိုလှုံနေသော အိမ်ထောင်စုဝင်စုစုပေါင်း ၃၃၆ စုရှိ လူဦးရေ ၁၄၄၇ ဦးတို့အတွက် ကျားလုံချည်၊ မလုံချည်၊ မျက်နှာသုတ်ပဝါနှင့် တီရှပ်ပါ ကယ်ဆယ်ရေးပစ္စည်းလေးမျိုးနှင့် တစ်လစာဆန်ရိက္ခာ ၄၃၄ အိတ်၊ ၂ ပြည် နှင့် ၄ ဘူးအား အဆိုပါ ကယ်ဆယ်ရေးစခန်းရှိ တာဝန်ခံများထံသို့ ပေးအပ်ထောက်ပံ့ခဲ့သည်။

 

888888886

 

ထို့နောက် တာဝန်ရှိသူများသည် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ကျည်ထိဒဏ်ရာရရှိသူ လူနာ ၁၆ ဦးတို့အတွက် တစ်ဦးလျှင် ၅၀ဝ၀ဝ ကျပ်နှုန်းအား ထောက်ပံ့ပေးအပ်ပြီး သေဆုံးသွားသူ ၇ ဦးတို့အတွက် တစ်ဦးလျှင် ၃၀ဝ၀ဝ၀ ကျပ်နှုန်းစီကို သေဆုံးသွားသူ၏ မိသားစုဝင်များထံ သို့သွားရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခရိုင် ပြန်/ဆက်မှ သိရသည်။

 

MDN