မင်းတပ်မြို့၌ မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် လေးလုံးဆုံးရှုံး 

မင်းတပ် ၂၃ မတ်

 

မင်းတပ်မြို့ အနောက်ရပ်ကွက် ကွက်စိပ်(၄)၌ မတ် ၂၂ ရက် ည ၁၁ နာရီအချိန်က လူနေအိမ် ၄ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ဦးထန်းနိုင်းနေအိမ်၌ အသုံးပြုသည့် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာ  မီးလောင်မှုအား ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ရေဘောက်ဆာယာဉ်(၁)စီး၊ မီးသတ်ကားသုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ည ၁၁ နာရီ ၅ မိနစ်ခန့်တွင် မီးညွှန့်ကျိုးခဲ့ပြီး နံနက် ၁ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။    

  

မီးလောင်မှုကြောင့် လူနေအိမ် လေးလုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ  ဦးထန်းနိုင်းအား မင်းတပ်မြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။      

        
                                        
ခရိုင်ပြန်/ဆက်