မန်းချောင်းရေလှောင်တမံမှ ရေကျော်ကျနေမှု ပြန်လည်လျော့နည်း

ငဖဲ   အောက်တိုဘာ   ၂၆

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံသည် အောက်တိုဘာ ၂၆ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ တမံရေပြည့်အမှတ် ၆၂၅ ပေ အထက် ရေပိုလွှဲမှ ဒသမ ၇ ပေနှင့် ရင်းရှည်ရေလှောင်တမံမှ တမံရေပြည့်အမှတ် ၆၀၂ ပေတွင် ၆၀၁ ဒသမ ၉ ပေဖြင့် ပြန်လည်လျော့နည်း ကျဆင်းသွားကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။

 

မယု(ငဖဲ)