ရန်ကုန် ဇွန် ၂၈
၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)ကို ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်း ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်လျက်ရှိသည်။
ပွဲစဉ် (၆)တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို ငါးဂိုး-ဂိုးမရှိ၊ သစ္စာ အားမာန်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ Falcon အသင်းက Galaxy အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ရှမ်းယူနိုက်တက်အသင်းက မြဝတီအသင်းကို တစ်ဂိုး- ဂိုးမရှိ၊ ဧရာဝတီယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ အား/ကာ သိပ္ပံအသင်းက Chinland အသင်းကို သုံးဂိုး-နှစ်ဂိုး၊ ဒဂုံစတားယူနိုက်တက်အသင်းက ရတနာပုံအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ပွဲစဉ်(၆)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဆက်လက်ဦးဆောင်နေသလို ရှမ်းယူနိုက်တက်အသင်းကလည်း နှစ်မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနေသည်။
ပွဲစဉ်(၆)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၁၆ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၄ မှတ်၊ အား/ကာသိပ္ပံအသင်းက ၁၃ မှတ်၊ Falcon အသင်းနှင့် သစ္စာအားမာန်အသင်းတို့က ၁၁ မှတ်စီ၊ ရတနာပုံအသင်းက ၁၀ မှတ်၊ Galaxy အသင်းက ကိုးမှတ်၊ ရတနာပုံ၊ စစ်ကိုင်းယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့က ခုနစ်မှတ်စီ၊ ဟံသာဝတီယူနိုက်တက်အသင်းက ခြောက်မှတ်၊ ရန်ကုန်စီးတီးအသင်းက လေးမှတ်၊ မြဝတီအသင်းက သုံးမှတ်၊ Chinland အသင်းက တစ်မှတ်ရရှိထားသည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - MNL


