ရန်ကုန်    မေ    ၁၇

၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ  ပွဲစဉ်ဇယားထွက်ပေါ်လာပြီး မေ ၂၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်က လာမည့်ရာသီတွင် ကျင်းပမည့် ပြည်တွင်းပြိုင်ပွဲများအနက် MNL ယူ-၂၀ လိဂ်ပြိုင်ပွဲကို အစောဆုံးကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် လာမည့်ရာသီ MNL ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရထားသည့် ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊   ဒဂုံစတားယူနိုက်တက်၊ အား/ကာသိပ္ပံ၊ ဟံသာဝတီယူနိုက်တက်၊ မဟာယူနိုက်တက်၊ ရတနာပုံ၊ ဧရာဝတီယူနိုက်တက်၊ သစ္စာအားမာန်၊ Chinland၊ မြဝတီနှင့် ရန်ကုန်စီးတီးအသင်းတို့အပြင်  မြန်မာလူငယ် လက်ရွေးစင်အသင်းနှစ်သင်းလည်း  Falcon အသင်း၊ Galaxy အသင်းအမည်များဖြင့် ပြိုင်ပွဲအတွေ့အကြုံရစေရန်  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်မည့်   လူငယ်ကလပ်အသင်းများသည် ရာသီကြိုခြေစမ်းပွဲများ  ယှဉ်ပြိုင်ကစားကာ  လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ YUSC ကွင်း၊ ဗဟန်းမြက်ခင်းတုကွင်း၊ သန်လျင်သီဟဒီပကွင်းနှင့် တောင်ဒဂုံကွင်းတို့၌ ကျင်းပမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MNL