မြန်မာ-အမေရိကန် ပူးပေါင်းရိုက်ကူးသော မေတ္တာ ဇာတ်ကားရွှေတိဂုံ စေတီတော် အောင်မြေတွင် ကန်တော့ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၂၉  ဇွန် 

 

မြန်မာ-အမေရိကန် နှစ်နိုင်ငံပထမဆုံးအကြိမ် ပူးပေါင်းရိုက်ကူးသည့် မေတ္တာ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲ အခမ်းအနားကို ဇွန် ၂၉ ရက် နံနက်(၇)နာရီက ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်အောင်မြေရှိ ထီးတော်ပုံဓမ္မရုံတွင် ကျင်းပသည်။

 

ထိုဇာတ်ကားကို နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ဆုပေါင်းများစွာ ဆွတ်ခူးထားသော အမေရိကန် ဒါရိုက်တာ Graham Streeter နှင့်မြန်မာနိုင်ငံမှ ဒါရိုက်တာဒေါ်ဆွေဇင်ထိုက်တို့ ပူးပေါင်းရိုက်ကူးခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် (၈၀)ရာခိုင်နှုန်းရိုက်ကူးပြီးဖြစ်၍ မြန်မာနိုင်ငံတွင် ရိုက်ကူးရန် ကျန်ရှိသော ဇာတ်ဝင်ခန်းများကို ဇွန် ၃၀ ရက်နေ့၌ တောင်ငူမြို့ လိပ်သိုကျေးရွာတွင် စတင်ရိုက်ကူးမည်ဖြစ်ရာ ၁၃ ရက်အကြာတွင် ရိုက်ကူးမှုပြီးစီးမည်ဖြစ်သည်။ 

 

ယင်းမေတ္တာဘွဲ့ဇာတ်ကားတွင် သရုပ်ဆောင်လူမင်း၊ ထွန်းအိန္ဒြာဗိုလ် နှင့် အမေရိကန်နိုင်ငံတွင် နေထိုင်သော ချင်းပြည်နယ် တီးတိန်မြို့ မှ ဇွန်မီးတိုင်းရင်းသား ဂင်မုန်တို့ အထူးသရုပ်ဆောင်ထားကာ မြန် မာပြည်ဖွား အမေရိကန်နိုင်ငံသား လူငယ်သရုပ်ဆောင်များဖြစ်သော Chrissy A Hla ၊ Fiona ၊ May  T Maung နှင့် အခြားသော သရုပ်ဆောင်များဖြစ်သည့်  Brittney Powell ၊ Tyler Dryden နှင့် Holland Clement တို့နင့်အတူ သံလျင်စီးကရက် ဟတ်ပရဟိတကျောင်းမှ ကျောင်းသားကျောင်းသူလေးတို့ဖြင့် ရိုက်ကူးခြင်းဖြစ်သည်။ မိဘမဲ့ကျောင်းတွင် စာသင်ကြားပေးနေသူ တစ်ဦးမဲပေါက်၍ အမေရိကန်နိုင်ငံသို့ သွားရောက်ခွင့်ရရှိပြီး အခက်အခဲပေါင်းများစွာကြားမှ မြန်မာနိုင်ငံဖွား မိဘနှစ်ဦးမှ မွေးစားကြီးပြင်းခဲ့ရာ မြန်မာနိုင်ငံ မိဘမဲ့ကျောင်းတွင် ကျောင်းဆရာတစ်ဦးအဖြစ် ပြန်လည်ဘဝဖြတ်သန်းခဲ့ပုံတို့ကို လူသားတိုင်း၌ မေတ္တတရားသည်သာ အဓိကဖြစ်ကြောင်း မီးမောင်းထိုးပြသည့် ဇာတ်ကားအဖြစ် ရိုက်ကူးထားခြင်း ဖြစ်သည်။

 

 “ ဇာတ်ကားနဲ့ဇာတ်လမ်း မထူးဆန်းပေမယ့် ထူးဆန်းတဲ့အရာဖြစ်တဲ့ မေတ္တာတရားကို ဖော်ကျူ းထားတဲ့ ဇာတ်ကားတစ်ကားပါ။ မိဘမဲ့ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဆရာတစ်ဦး မဲပေါက်ပြီး အမေရိကန်နိုင်ငံကို သွားခွင့်ရပြီးတော့ မြန်မာနိုင်ငံဖွား ဇနီးမောင်နှံကမွေးစားခဲ့တယ်။ အခက်အခဲတွေကြား ရုန်းကန်ရင်းမြန်မာနိုင်ငံက မိဘမဲ့ကျောင်းမှာပဲ စာသင်ကြားပေးသွားတဲ့ ကျောင်းဆရာတစ်ဦးရဲ့ မေတ္တာဘွဲ့ဇာတ်လမ်း တစ်ခုပါ။ အရှေ့အာရှနိုင်ငံသာမက အနောက်ဥရောပ နိုင်ငံတွေနဲ့လည်း ရုပ်ရှင်ကဏ္ဍ ပူးပေါင်းရိုက်ကူးသင့်ပါတယ်။ ကမ္ဘာ့ဖြန့်ချိရေး ဈေးကွက်ကြီးထဲကို ဝင်ဖို့ဆိုရင်ပေါက်ပြီး သားသူတွေနဲ့ လိုက်ပါပူးပေါင်းဖို့လိုပါတယ်။ နောက်တစ်ကားလည်း ရိုက်ဖို့ရှိပါတယ်။ဒီကားရဲ့ရည်ရွ ယ်ချက်ကမြန်မာနိုင်ငံဟာ မေတ္တာတရားနဲ့ နေထိုင်မှုကိုပြသတဲ့ သဘောပါ” ဟု ပြောကြားသည်။

 

ထိုဇာတ်ကားသည် Mary K. Yap ဖောင်ဒေးရှင်း၏ Movice-for-Charity အတွက် ရိုက်ကူးေ သာပရဟိတ ဇာတ်ကားတစ်ကားဖြစ်ပြီး(၂၀၂၀)ခုနှစ်တွင် ရုံတင်ပြသနိုင်ရန် မျှော်မှန်းထားကာ နိုင်ငံတကာတွင်လည်း ပြသသွားမည်ဖြစ်၍ ထိုဇာတ်ကားမှ ရရှိသော အကျိုးအမြတ်အား မြန်မာပြည်မှ မိဘမဲ့ကလေးများအတွက် ပြန်လည်လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ မြန်မာပြည်တွင် Mandalay Production (Myanmar) ရုပ်ရှင်ထုတ်လုပ်ရေးနှင့် အမေရိကန်နိုင်ငံ Mandalay Production (Home) ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းရိုက်ကူးသော မြန်မာ-အမေရိကန် ပထမဆုံးဇာတ်ကား တစ်ကားလည်း ဖြစ်သည်။

 

“ဒီဇာတ်ကားကို ရိုက်ခွင့်ရလို့ မိမိနိုင်ငံကို ကျေးဇူးဆက်ခွင့်ရတဲ့အတွက် ဝမ်းသာကြည်နူးရပါတ ယ်။ လူသားတိုင်းမှာ အဓိကအရေးကြီးဆုံးဟာ မေတ္တာတရားပါပဲ။ မြန်မာပြည်မှာ ၁၃ ရက်ရိုက်မှာပါ။ ဒီ ဇာတ်ကားက မြန်မာနိုင်ငံရဲ့ သဘာဝအလှတွေ၊ ကြည်နူးစရာ၊ ဝမ်းနည်းစရာ၊ သံဝေဂရစရာတွေ လွှမ်းခြုံနေတဲ့ မေတ္တာဘွဲ့ ဇာတ်လမ်းတစ်ခုပါ” ဟု အမေရိကန်နိုင်ငံတွင် နေထိုင်သော ချင်းပြည်နယ်တီးတိန်မှ ဇွန်မီးတိုင်းရင်းသား Gim Mung က ပြောသည်။

 

မြန်မာ-အမေရိကန် ပူးပေါင်းရိုက်ကူးသော ဒုတိယမြောက်ဇာတ်ကားကို အမေရိကန်နိုင်ငံ နယူး ယောက်နှင့် မြန်မာပြည်တွင် လာမည့်နှစ်၌ ရိုက်ကူးမည်ဖြစ်ပြီး ဒါရိုက်တာမှာ ဂျာမန်နိုင်ငံသား တစ်ဦး ဖြစ်၍ မြန်မာနိုင်ငံမှ ဒါရိုက်တာ ဒေါ်ဆွေဇင်ထိုက်နှင့် ပူးပေါင်းရိုက်ကူးမည်ဖြစ်ရာ ဇာတ်ကားအမည်မှာ  “နားစွင့်ကြားဟန် ရင်ခုန်သံ” ဖြစ်ပြီး စာရေးဆရာ သင့်လူမှ ဘာသာပြန်ထားသော ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးသွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံမှ ဒါရိုက်တာ ဒေါ်ဆွေဇင်ထိုက်နှင့် အမေရိကန်နိုင်ငံမှ ဒါရိုက်တာ Graham Streeter တို့ ပူးပေါင်းရိုက်ကူးသည့် မေတ္တာတရားကို အခြေခံသော ဇာတ်ကားကို မြန်မာနိုင်ငံ၏ သဘာဝ အလှများနှင့်အတူ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၏ အလှအပတို့ဖြင့် ရုပ်ရှင်ချစ်ပြည်သူများ ကြည့်ရှုခံစားရမည့် အပြင် နိုင်ငံတကာတွင်လည်း ဤဇာတ်ကားကို ပြသသွားမည်ဖြစ်ကြောင်း ယနေ့ရုပ်ရှင်ကန်တော့ပွဲ အခမ်းအနားမှ သိရသည်။

 

သန်းထိုက်

 

ဓာတ်ပုံ - သန်းစိုး          

 

1.0253