မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်မှု

နေပြည်တော်  ၁၇  မေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၅) အမှတ်(၂)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့ခွဲ(ရွက်ညိုတောင်)ရဲကင်းစခန်းမှ ရဲမှူး တင်လှိုင် ဦးစီးသည်တပ်ဖွဲ့ဝင်များက မေ ၁၆ ရက် နံနက်ပိုင်းက ရေယာဉ် တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၃)ပါ (၂)စီးဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၂)နယ်ခြား စောင့်တပ် Domdomia BOP ကင်းစခန်းမှ Subedar MD, Najrul Islam ဦးဆောင်သည့် အဖွဲ့က တပ်ရေယာဉ် ၂ စီးဖြင့်လည်းကောင်း မင်္ဂလာကြီးချောင်းဝထိပ် ရေမိုင်အမှတ် (၈)အနီးမှ ဦးရှည်ကျချောင်းဝထိပ် ရေမိုင်အမှတ်(၁၁)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၃)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

MDN