မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် ၂၇ ဖေဖော်ဝါရီ 

 


မောင်တောမြို့နယ်၊ နယ်မြေ(၃)၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်း ရဲကင်းစခန်းမှ ရဲအုပ်ကြည်စိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်း အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် (၂)စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Whykong ကင်းစခန်းမှ Subedar Md Nazrul Islam ဦးဆောင်သည့် အဖွဲ့က စက်တပ်ရေယာဉ်(၂)စီး၊  စုစုပေါင်း (၄)စီးတို့ဖြင့် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ရေတွင်းပြင်ချောင်းဝအနီး နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၅)မှ သဲချောင်းချောင်းဝထိပ် ရေမိုင်အမှတ်(၁၈)အထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (၀၀၄)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN