မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၂ ဖွင့်လှစ်ပြီးနောက် မြဝတီမြို့သို့ ထိုင်းဘက်မှ ကုန် ပစ္စည်းများ တင်သွင်းနေ

 

ရန်ကုန်၊ ဇွန် ၁၀

 

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်၂ ဖွင့်လှစ်ပြီးနောက် မြဝတီမြို့သို့ ထိုင်းဘက်မှ ကုန် ပစ္စည်းများ တင်သွင်းနေပြီး သယ်ယူပို့ဆောင်ရေးသာ ကြန့်ကြာမှုရှိနေကြောင်း အဆိုပါမြို့တွင် နေထိုင်သူကုန်သည်များထံမှ သိရသည်။

“ကုန်သွယ်မှုကတော့ ပုံမှန်ပဲဆိုပေမယ့် လမ်းခရီးမှာတော့ ကုန်ကားတွေကတော့ ရက်ကြာတယ်။ မိုးတွင်းနဲ့ လက်ရှိလမ်းတွေက အခုချိန်မှာဗွက်တွေဖြစ်နေတော့ နစ်တာပေါ့။ သယ်ယူ ပို့ဆောင်ရေးမှာတော့ ကြန့်ကြာတာတွေတော့ ရှိတယ်လို့ပြောရတယ်။ တစ်ရက်ကို ဘယ်နှစ်စီးလောက် ဆိုတာမျိုးတော့ ဒီနောက်ပိုင်း ပုံမှန်မရှိတော့ဘူး။ ပုံမှန်မရှိတော့ဘူးဆိုတာက လမ်းခရီးကြောင့်နဲ့ နောက်သွင်းကုန်လိုင်စင်တွေ နည်းနည်းကျဖို့ ခက်ခဲတာနဲ့ဆိုတော့ တာချီလိတ်၊ ကော့သောင်းဘက်ကိုလည်း ပြောင်းသွားကြတော့ ပုံမှန်မရှိဘူးပေါ့ ဟု မြို့ဝတီမြို့ခံ ကုန်သည်တစ်ဦးက ဆိုသည်။

လမ်းခရီး အဆင်ပြေပါကက ပြည်တွင်းသို့ သယ်ယူမှုများပြီး ရာသီဥတုအခြေအနေကြောင့် လမ်းပိတ်ပါက လျော့ကျသွားလေ့ရှိကြောင်းလည်း ၎င်းကဆိုသည်။

“မြဝတီချစ်ကြည်ရေးတံတားအမှတ်၂ ဖွင့်လှစ်ပြီးနောက် အဝင်ကတော့ ပုံမှန်ပါပဲ။ ဒီဘက်ကလမ်းခရီး အခြေအနေကြောင့် ဟိုဘက်ကို ရက်ရွေ့တာမျိုးတွေပဲရှိတာပေါ့နော်။ အဝင်ကတော့ ပုံမှန်ပါပဲ” ဟု အထက်ပါ ကုန်သည်က ပြောသည်။

လက်ရှိတွင် လမ်းခရီးအနေဖြင့် ဒေါနတောင်လမ်းဟောင်းနှင့် ထောကိုကိုးလမ်း အစရှိသည့် တောလမ်းများကို အသုံးပြု သွားလာနေကြကြောင်းလည်း သိရသည်။

MT