မြန်မာ ယူ-၁၅ အသင်း ပြည်တွင်းခြေစမ်းပွဲယှဉ်ပြိုင်ကစား

ရန်ကုန် ၁၇ ဇူလိုင်

၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၅ အသင်းသည် ဇူလိုင် ၁၇ ရက်က မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန် ယူ-၁၉ အသင်းနှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။

ယင်းခြေစမ်းပွဲတွင် ရန်ကုန် ယူ-၁၉ အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ယူ-၁၅ အသင်းသည် တရုတ်ခြေစမ်းခရီးစဉ်အပြီး ပြည်တွင်းခြေစမ်းပွဲကစားခြင်းဖြစ်ပြီး ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ရန်ကုန် ယူ-၁၉ အသင်းအတွက် ဂိုးများကို မြတ်မင်းခိုင်နှင့် ကျော်ထက်ဝင်းတို့ သွင်းယူပြီး မြန်မာ ယူ-၁၅ အသင်းအတွက် ဂိုးကို ထွန်းမြတ်လွင်က သွင်းယူခဲ့သည်။ 

မြန်မာ ယူ-၁၅ အသင်းသည် ယခုလနောက်ဆုံးပတ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်သည်။

ရဲရင့်ရှိုင်း