မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အာရှပြိုင်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၃၀ ဖြင့် ဖွဲ့စည်း

၁၂ ဇွန်

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အောက်တိုဘာနောက်ဆုံးပတ်တွင် ယှဉ်ပြိုင်ရမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန် ပဏာမကစားသမား ၃၀ ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

 

9024


မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းသည် ပဏာမလူစာရင်းကို အမျိုးသမီး လိဂ်ပြိုင်ပွဲ နောက်ဆုံးနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ကစားသမားအများစုကို အခြေခံဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

ယခုဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ-ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ-ဦးကိုကိုအောင်၊ ဂိုး-ဇူးလတ်နဒီ (အား/ကာသိပ္ပံ)၊ ခင်မြတ်မိုး၊ စိမ်းလဲ့လဲ့ဦး (အား/ကာ)၊ ပိုးဥ (YREO)၊ နောက်တန်း-နန့်ဇူးဇူးထက်၊ သဲအိမိုး (မြဝတီ)၊ ကြည်ပြာလင်း (အား/ကာသိပ္ပံ)၊ ဇွန်ယုယဦး၊ နော်ထက်ထက်ဝေ၊ မိုးမမစိုး၊ နှင်းမြသဇင်၊ မေသက်မွန်မြင့်၊ သဇင်အောင် (YREO)၊ ကေကေ၊ အိအိကျော် (အား/ကာ)၊ အလယ်တန်း-ဝင်းဝင်း (ဇွဲကပင်)၊ မေဖူးကို၊ မိုးမိုးသန်း (အား/ကာသိပ္ပံ)၊ ဇင်မာထွေး၊ အေးအေး ထွေး၊ ဘွဲ့လျန်ကိန်း၊ ပုံ့ပုံ့ပြည့်မောင် (YREO)၊ ရှေ့တန်း-ဆုပြည့်ပြည့်ကျော်၊ လင်းမြင့်မိုရ်၊ လင်းလဲ့ဦး (အား/ကာ)၊ စန်းသော်သော် (ဇွဲကပင်)၊ အေးမြတ်ခိုင် (မြဝတီ )၊ နွယ်နီဝင်း၊ ဆွေမာအောင် (YREO)နှင့် အိစန္ဒာဇော် (ဂန္ဓမာ)တို့ ပါဝင်ကြသည်။

မြန်မာ့လက်ရွေးစင်အသင်း ပဏာမလူစာရင်းတွင် ပါဝင်သွားသည့် မြတ်နိုးခင်နှင့် ဖြူဖြူဝင်းတို့ကို ပဏာမလူစာရင်းတွင် ထည့်သွင်းထားခြင်းမရှိသေးဘဲ အပြီးသတ်လူစာရင်းတွင် ပါဝင်ပါက ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲပြီးမှ ခေါ်ယူမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဇူလိုင် ၁ ရက်တွံင် စတင်လေ့ကျင့်မည်ဖြစ်ပြီး လေးလနီးပါး အချိန်ယူပြင်ဆင်မည်ဖြစ်သည်။ 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြင်ဆင်ချိန်ကာလတွင် ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲများစွာ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အာရှထိပ်သီးနိုင်ငံများသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်လျက်ရှိသည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် အုပ်စု (ခ) ၌ လက်ရှိချန်ပီယံ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး နောက်တစ်ဆင့်တက်ရောက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်