မြန်မာ ယူ-၁၉ အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းနှင့် ပခုက္ကူ Old Star အသင်းတို့ ချစ်ကြည်ရေးချေစမ်းပွဲကျင်းပ

ပခုက္ကူ ၂၈ ဇူလိုင် 

 


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အား Main Sponsor အဖြစ် ပံ့ပိုးပေးနေသည့် Myanmar Brewery Ltd မှ မြန်မာနိုင်ငံအနှံ့ စီစဉ်ကျင်းပနေသည့် We Are One Cup ပခုက္ကူမြို့ ဗိုလ်လုပွဲစဉ် မတိုင်မီ အထူးပွဲစဉ်အဖြစ် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲက မြန်မာ ယူ-၁၉ အမျိုးသမီးလက်ရွေးစဉ် ဘောလုံးအသင်းနှင့် ပခုက္ကူ Oldb Star အသင်းတို့ ပခုက္ကူခရိုင် အားကစားကွင်းတွင် ခြေစမ်းပွဲကစားခဲ့ကြသည်။

 


ခြေစမ်းပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်အပြီး ဗိုလ်လုပွဲအဖြစ် ဧရာအနောက် (က) FC နှင့် ကြယ်စင်သွန်း (က) FC တို့ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားရာ ဧရာအနောက်(က) FC အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 


ဆက်လက်၍ ပခုက္ကူဇုန်တွင် ပထမရရှိသည့် အသင်းနှင့် ဒုတိယရရှိသည့်အသင်းတို့အား လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

 


We Are One Cup ပခုက္ကူ ဗိုလ်လုပွဲတွင် အနိုင်ရရှိသည့် ဧရာအနောက် (က) FC အသင်းသည် တောင်ကြီးမြို့တွင် ယှဉ်ပြိုင်မည့် We Are One Cup Champion of Champions ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

 


ကိုဇော်(ဓာတု)