မြန်မာအမျိုးသားဘောလုံးအသင်း ဖိလစ်ပိုင်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်

နေပြည်တော် မေ ၁၀

 

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲအဖြစ် အုပ်စု(က)မှ မြန်မာအမျိုးသားဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယနေ့ ညနေ ၆ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသားဘောလုံးအသင်းက ဖိလစ်ပိုင်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ အုပ်စုဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

MDN

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)

မြန်မာ ၁-၀ ဖိလစ်ပိုင်

ကမ္ဘောဒီးယား ၁-၂ အင်ဒိုနီးရှား