မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ 

နေပြည်တော်၊ ဇွန် ၂၄ 

၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကြသည်။    

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီအတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် မြို့နယ်အလိုက် အခြေခံပညာအထက်တန်းကျောင်းများ၌ စာစီစာကုံးပြိုင်ပွဲများ ကျင်းပခဲ့ပြီး ယင်းမြို့နယ်အလိုက်ပြိုင်ပွဲများမှ အမှတ်အများဆုံး ရရှိခဲ့ကြသော အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၈၁) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲကို “တိုင်းပြည်အင်အား အမျိုးသမီးစွမ်းပကား” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲမှ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူ များကို ဇူလိုင် ၃ ရက်တွင်  ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်