မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော်  ၂၃   ဇွန်

             

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် ဇွန် ၂၂ ရက်က အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

           

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်(လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် နေထိုင်သူ) ဖြိုးဝေအောင်(ခ)ကိုဖြိုး၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ ဇင်ကိုဖြိုး(ခ)ယုန်လေး၊ လှိုင်သာယာမြို့နယ်နေ မမွှေးစု(တိမ်းရှောင်)နှင့် မခိုင်(ခ)ခိုင်ခိုင် (တိမ်းရှောင်)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်နေ မဆောင်းသဇင် (တိမ်းရှောင်) တို့သည် ပုသိမ်မြို့နေ မ xxxx ၊ ၂၆ နှစ် အား တရုတ်အမျိုးသားနှင့်လက်ထပ်ပါက ကျပ်သိန်း ၂၀ ရမည်၊ ခြောက်လပေါင်းသင်းရမည်ဟု လိမ်လည် စည်းရုံး၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့မှုအတွက် မူဆယ်မြို့မ ရဲစခန်း (ပ) ၆၇၂/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)/ ၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန် ၂၂ ရက်တွင် တရားခံ ဖြိုးဝေအောင်(ခ) ကိုဖြိုးနှင့် ဇင်ကိုဖြိုး(ခ) ယုန်လေးတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံများအား တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)