ရန်ကုန်    မေ    ၁၃

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၆ ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။ 

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကို မေ ၁၆ ရက်မှ ၂၃ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲအမျိုးအစား သုံးမျိုးစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ သုံးယောက်တွဲပြိုင်ပွဲ အုပ်စု (A) တွင် မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ အုပ်စု (B) တွင် ထိုင်း၊ အီရန်၊ အိန္ဒိယ၊ အုပ်စု (C) တွင် မြန်မာ၊ ဗီယက်နမ်၊ တရုတ်၊ အင်ဒိုနီးရှား၊ အုပ်စု (D) တွင် ဖိလစ်ပိုင်၊ တရုတ်တိုင်ပေ၊ တောင်ကိုရီးယား၊ ဘရူနိုင်း၊ လေးယောက်တွဲပြိုင်ပွဲ အုပ်စု (A) တွင် တရုတ်၊ ဘရူနိုင်း၊ မြန်မာ၊ အုပ်စု (B) တွင် ဖိလစ်ပိုင်၊ တရုတ်တိုင်ပေ၊ အီရန်၊ အုပ်စု (C) တွင် အိန္ဒိယ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ မလေးရှား၊ အုပ်စု (D) တွင် ဂျပန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ အုပ်စု (A) တွင် ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အုပ်စု (B) တွင် မလေးရှား၊ အိန္ဒိယ၊ မြန်မာ၊ အုပ်စု (C) တွင် တောင်ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ အုပ်စု (D) တွင် အင်ဒိုနီးရှား၊ တရုတ်၊ ဘရူနိုင်းအသင်းတို့ ပါဝင်သည်။

ပြိုင်ပွဲဝင်မည့် မြန်မာပိုက်ကျော်ခြင်းအသင်းတွင် အုပ်ချုပ်သူ ဦးမြင့်လွင်ဌေး၊ နည်းပြ-ဦးကျော်မင်းစိုး၊ ဦးအောင်မျိုးဆွေ၊ ကစားသမားများအဖြစ် ဇင်မင်းဦး၊ သန့်ဇင်ထွန်း၊ အောင်မျိုးကျော်၊ ချစ်လွန်းပို၊ ရှိန်းဝဏ္ဏဇော်၊ ရန်ပိုင်ဦး၊ မင်းသန့်သူ၊ ဟန်ဝင်းထွဋ်၊ ရဲထက်၊ အောင်အောင်၊ သက်ပိုင်စိုးနှင့် ရှင်းသန့်တို့ ပါဝင်ကြသည်။ မြန်မာပိုက်ကျော်ခြင်းအသင်းသည် လေးယောက်တွဲပြိုင်ပွဲတွင် ဇင်မင်းဦး၊ သန့်ဇင်ထွန်း၊ အောင်မျိုးကျော်၊ ချစ်လွန်းပို၊ ရှိန်းဝဏ္ဏဇော်၊ ရန်ပိုင်ဦး၊ သုံးယောက်တွဲပြိုင်ပွဲတွင် မင်းသန့်သူ၊  ဟန်ဝင်းထွဋ်၊ ရဲထက်၊ အောင်အောင်၊ သက်ပိုင်စိုးတို့ဖြင့် ယှဉ်ပြိုင်ရန် ရွေးချယ်ထားပြီး သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲတွင်မူ ရွေးချယ်သွားသည့် ကစားသမား ၁၂ ဦး၏ ခြေစွမ်းအပေါ်မူတည်ပြီး ယှဉ်ပြိုင်စေမည်ဖြစ်သည်။        

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MSTAF