မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၃

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဒုတိယဥက္ကဋ္ဌ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း သီလဝါအထူး စီးပွားရေးဇုန်သို့ (၂) ကြိမ် သွားရောက်၍ ရင်းနှီးတည်ဆောက်သူ၊ ရင်းနှီးမြှုပ်နှံသူများနှင့် One Stop Service Center မှဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့တွေ့ဆုံရာတွင် သီလဝါအထူး စီးပွားရေးဇုန်၏ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ လုပ်ငန်းများမှ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင် ရေး ကိစ္စရပ်များကိုလည်းကောင်း၊ ဌာနဆိုင်ရာအသီးသီးနှင့် ဆက်စပ်လုပ်ကိုင်ရမည့် လုပ်ငန်းများကို ဌာနအလိုက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရေး၊ သီလဝါအ ထူးစီးပွားရေးဇုန်၏ ဂုဏ်သတင်းကို ဆက်လက်ထိန်းထားရန်၊ စီမံခန့်ခွဲမှုကော်မတီက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက်လာရေး ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းမှာကြားခဲ့ကြောင်း၊၊

အလားတူ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီတို့မှ ဝန်ထမ်းများကိုလည်း တွေ့ဆုံခဲ့ကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဇုန်အလိုက် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများက လုပ်ငန်းများအောင်မြင်စေရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စီမံကိန်းအလိုက် ဆောင်ရွက်ပြီးစီးမှုများ ပြန်လည်သုံးသပ်ရေးနှင့် လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီ လုပ်ငန်းအချို့သည် ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSME) မှ ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူ၍ ကုန်ကြမ်းအဖြစ် ပိုမိုသုံးစွဲနေကြသည်ကိုတွေ့ရသဖြင့် မှတ်တမ်းတင်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင် ရေးအတွက် နှစ်ဖက်သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာဖက်နှင့် CITIC ဖက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်ရေးအတွက် ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပါကြောင်းနှင့်  ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍  ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံက သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်း မြှင့်တင်ရေးဇုန်ရှိ ကုမ္ပဏီများ နိုင်ငံခြားငွေနှင့် ပေးချေဆောင်ရွက်ရာတွင် လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသည့် AD ဘဏ်များတွင် ဝယ်ယူပြီး လွှဲပြောင်းမှုအခြေအနေများနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးသို့ အပတ်စဉ်အမှာစာတင်ပြမှု အခြေအနေများကိုလည်းကောင်း၊ သီလဝါဇုန်တွင် ဆောင်ရွက် လျက်ရှိသည့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ 

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ယခင်ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၊ သီလဝါအထူး စီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြပြီး မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဝင်များက အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှု ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြအတည်ပြုချက်ရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်