မြန်မာ့ဒေသရင်း “မြန်မာငှက်လက်မ မြီးရှည်ညို” ငှက်ပုံ စာပို့တံဆိပ်ခေါင်းသစ် ရောင်းချ

နေပြည်တော် ဧပြီ ၃

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌သာ ကျက်စားသည့် ဒေသရင်း ငှက်မျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် မြန်မာ့ဒေသရင်း “မြန်မာငှက်လက်မ မြီးရှည်ညို” ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးကို ဧပြီ ၅ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ ရောင်းချပေးသွားမည်ဖြစ်သည်။

 

အဆိုပါ စာပို့တံဆိပ်ခေါင်းသစ်ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချသွားမည်ဖြစ်‌ပြီး အထူးအစီအစဉ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဧပြီ ၅ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်