မြန်မာ့ဂေါ်ဖီထုတ်များ မြဝတီနယ်စပ်မှ တစ်ဆင့်ထိုင်းနိုင်ငံသို့ နေ့စဉ်တန်ချိန် ၁၅ဝ ခန့်တင်ပို့နေ

မြဝတီ ၁၈ မတ် 

မြန်မာနိုင်ငံထွက် ဂေါ်ဖီထုတ်များအားမြဝတီ နယ်စပ်ဂိတ်မှတစ်ဆင့်ထိုင်းနိုင်ငံသို့ နေ့စဉ် တန်ချိန် ၁၅၀ ခန့် တင်ပို့နေကြောင်း မြဝတီမြို့ ဘုရင့်နောင်ဈေး ဟင်းသီးဟင်းရွက် ဈေးကွက်မှ သိရသည်။ 

 

666

 

"အရင်နှစ်တွေကတော့မြန်မာ့ဂေါ်ဖီထုပ်တွေကို ထိုင်းဘက်ကိုတင်ပို့ခြင်းမရှိပါဘူး။ အခုနှစ်မှပို့တာပါ။ထိုင်းမှာက ဆေးတွေ သုံးပြီးစိုက်ပျိုးကြတယ်၊ အဲဒါ ဒီနှစ်မှာသူတို့ဂေါ်ဖီခင်းတွေပျက်စီးကုန်တယ်၊ ဒါကြောင့်မြန်မာဘက်က ဂေါ်ဖီ ထုပ်တွေကို ဝယ်ယူကြတာပါ၊ ကျွန်တော် တို့ပို့နေတာ တစ်လလောက်ရှိပါပြီ၊အခွံခွာ ပြီးအချောကိုင်ပြီးသားဆိုရင် ၁ ကီလို ၇ ဘတ်ရပြီး အကြမ်းထည်အတိုင်း အခွံမခွာဘူးဆိုရင် ၁ ကီလို ၆ ဘတ်ဈေးရပါတယ်၊ ဘန်ကောက်ရောက်သွားရင်တော့ ၁ ကီလို ၉ ဘတ်ဖြစ်သွားပါပြီ၊ ထိုင်းမှာက စားသောက်ဆိုင်တွေများတော့ ဂေါ်ဖီကိုအသုံး များကြတယ်၊အစိမ်းကြော်၊ ကြော်တဲ့နေရာမှာအများဆုံး သုံးကြတာကြောင့် ဘန်ကောက်၊ဖူးခက်နဲ့ 
ပတ္တယားဘက်တွေအထိ တင်ပို့နေရပါတယ်" ဟုထိုင်းဘက်သို့ ဂေါ်ဖီထုတ်တင်ပို့နေသူကုန်သည်တစ်ဦး ကပြောသည်။ 

မြဝတီမှတစ်ဆင့်ထိုင်းဘက်သို့တင်ပို့ နေသောဂေါ်ဖီထုတ်များမှာပြည်၊ပြွန်တန် ဆာ၊ဒိုက်ဦးမြို့များမှ လာသလို ရှမ်းပြည်ဘက်ဖြစ်သောကလောနှင့် အောင်ပန်းမြို့ များမှလည်းလာရောက်ကြောင်းသိရပြီး ထိုင်းသို့နေ့စဉ်တန်ချိန် ၁၅ဝ ခန့် တင်ပို့နေကြောင်းသိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)