မြန်မာဂျူဒိုအားကစားအဖွဲ့ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု စုစုပေါင်းဆုတံဆိပ် (၈)ခု ဆွတ်ခူးရရှိ

နေပြည်တော် ဒီဇင်ဘာ ၁၁

 

မလေးရှားနိုင်ငံ၊ ပီနန်မြို့၌ ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် “PENANG INTERNATIONAL JUDO CHAMPIONSHIP 2023” ပြိုင်ပွဲ အမျိုးသား (-28)kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ရွှေတံဆိပ်(၁)ခု၊ (-66)kg ပြိုင်ပွဲတွင် မောင်ထက်အောင်က ရွှေတံဆိပ်(၁)ခု၊ (-73)kg ပြိုင်ပွဲတွင် မောင်ကျော်ခန့်စိုးက ရွှေတံဆိပ်(၁)ခုနှင့် အမျိုးသမီး (-32)kg ပြိုင်ပွဲတွင် မနှင်းဦးဝတ်ရည်က ရွှေတံဆိပ်(၁)ခု၊ အမျိုးသား(-24)kg ပြိုင်ပွဲတွင် မောင်ဘုန်းပြည့်ချမ်းသာထွန်းက ငွေတံဆိပ်(၁)ခု၊ (-90)kg ပြိုင်ပွဲတွင် မောင်အောင်ဝေဖြိုးက ငွေတံဆိပ်(၁)ခု၊ အမျိုးသား (-50)kg ပြိုင်ပွဲတွင် မောင်ခိုင်ခန့်က ကြေးတံဆိပ်(၁)ခု၊ အမျိုးသမီး(-57)kg ပြိုင်ပွဲတွင် မငွေပုံချစ်က ကြေးတံဆိပ်(၁)ခု ဆွတ်ခူးရရှိခဲ့သည်။

 

မြန်မာဂျူဒို အားကစားအဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်အားကစားသမား (၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု စုစုပေါင်း ဆုတံဆိပ်(၈)ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

အားကစား