ရန်ကုန်    မေ    ၁၀

သုံးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြည်တွင်း အမျိုးသမီးကလပ်အသင်းများနှင့် ခြေစမ်းကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ယာယီနည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက ကိုင်တွယ်နေသည်။ ယင်းအသင်းသည် ဧပြီ ၂၇ ရက်ကတည်းက စခန်းဝင်လေ့ကျင့်နေပြီး ပြည်ပကလပ်များတွင်  ကစားနေသူအချို့မှာလည်း အသင်းနှင့် ပူးပေါင်းနေပြီဖြစ်သည်။ ပြိုင်ပွဲအတွက်  ပြင်ဆင်ချိန်တစ်လကျော် ရရှိမည်ဖြစ်သည်။ ပြည်တွင်း အသင်းများနှင့် ခြေစမ်းပွဲများ ထပ်မံကစားဖွယ်ရှိနေပြီး မေ ၈ ရက်က   မြဝတီအသင်းနှင့် ခြေစမ်းကစားခဲ့သည်။  သုံးနိုင်ငံ  အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲကို  ဇွန်လဆန်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌   ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ ဥဇဘက်ကစ္စတန်အသင်းတို့ ပတ်လည်စနစ်ဖြင့် ပြုလုပ်မည် ဖြစ်သည်။

အသင်းတွင် ပဏာမကစားသမားများအဖြစ် ဂိုးသမား-မျိုးမြမြငြိမ်း(သစ္စာအားမာန်)၊ အိစန္ဒာဇော်(ဧရာဝတီ)၊  ဇူးလတ်နဒီ(အား/ကာသိပ္ပံ)၊ သူဇာအောင်(သစ္စာအားမာန်)၊ သက်ထားအောင်(မြဝတီ)၊ လှလှထွေး (YREO)၊ နောက်တန်း-မေသက်မွန်မြင့် (သစ္စာအားမာန်)၊ ဖြူဖြူဝင်း(ဧရာဝတီ)၊ ဇွန်ယုယဦး (ဧရာဝတီ)၊ ဖြူဖွေး(ဧရာဝတီ/စတေလီယွန်လာဂူနာ)၊ လင်းလဲ့ဦး (အား/ကာသိပ္ပံ)၊ သန်းသန်းနွယ် (အား/ကာသိပ္ပံ)၊ ခင်မျိုးသန္တာထွန်း (ရှမ်းယူနိုက်တက်)၊ ဆောင်းနှင်းဖွေး(ရှမ်းယူနိုက်တက်)၊ နန်းစနေမ(ရန်ကုန်ယူနိုက်တက်)၊ ယုယုနိုင်(ရန်ကုန်ယူနိုက်တက်)၊ ခင်မိုးဝင်း (ဧရာဝတီ)၊ ဝေဟင်ဖြိုး (အား/ကာ သိပ္ပံ)၊ အလယ်တန်း-ခင်မိုမိုထွန်း (သစ္စာအားမာန်)၊   နော်ထက်ထက်ဝေ(ဧရာဝတီ)၊ ဟေမာန်စိုး(အား/ကာသိပ္ပံ)၊ ဝင်းဝင်း (သစ္စာအားမာန်)၊ခင်မာလာထွန်း(အား/ကာသိပ္ပံ)၊ ဝင်းစန္ဒာ (YREO)၊ နန်းဖြူဖြူသွယ်(ရှမ်းယူနိုက်တက်)၊ လင်းမြင့်မိုရ် (အား/ကာသိပ္ပံ)၊ နန်းလွမ်းလိုင်း(အား/ကာသိပ္ပံ)၊ ရှေ့တန်း-စန်းသော်သော် (ဧရာဝတီ/ စတေလီယွန်လာဂူနာ)၊ ရူပါခိုင်(ရှမ်းယူနိုက်တက်)၊ မြတ်နိုးခင်(သစ္စာအားမာန်)၊ ရွှေရည်ထွန်း (အား/ကာသိပ္ပံ)၊ မေထက်လူ (UCLA-အမေရိကန်)၊ စုစုကြည်(ရန်ကုန်ယူနိုက်တက်)၊ ဇင်မိုးပြည့် (ရန်ကုန်ယူနိုက်တက်)နှင့် ဝင်းသိင်္ဂီထွန်းတို့  ပါဝင်ကြသည်။ 

သတင်း-ထွဏ်းသွေးအိမ်

ဓာတ်ပုံ-MWL