မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ထိုင်းနိုင်ငံ၌ ဆက်လက်လေ့ကျင့်နေ


မတ် ၂၃၊ ၂၀၂၂

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းသည် ဧပြီလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံ၌ ဆက်လက်လေ့ကျင့်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် မတ် ၁၅ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပသည့် ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်မလာဘဲ ထိုင်းနိုင်ငံ၌ ဆက်လက်လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာဖူဆယ်အသင်းသည် ထိုင်းနိုင်ငံတွင် တစ်ပတ်ကျော် လေ့ကျင့်မည်ဖြစ်ပြီး ဧပြီ ၂ ရက်မှ ၁၀ ရက်အထိကျင်းပမည့် အာဆီယံ ဖူဆယ်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ကစားသမား ၂၂ ဦး ခေါ်ဆောင်သွားပြီး အာဆီယံ ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၁၄ ဦး ရွေးချယ်ရမည်ဖြစ်ရာ စုစုပေါင်း ရှစ်ဦး လျှော့ချရမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းတွင် အဖွဲ့ခေါင်းဆောင် – ဒေါက်တာရဲမွန်ထွဋ်၊ အုပ်ချုပ်သူ– ဦးရဲဝင်းထွန်း၊ နည်းပြချုပ် – ဘန်လက်ချာယိုဝန်(ထိုင်း)၊ လက်ထောက်နည်းပြများ – ဦးဌေးမြင့်၊ ဦးကျော်ဇင်ညွှန့်၊ ဂိုးနည်းပြ – ဦးထွန်းထွန်းလတ်၊ ကြံ့ခိုင်ရေးနည်းပြ – တာဝမ်(ထိုင်း)၊ အကြောကျွမ်းကျင် – ဦးအောင်အောင်၊ ဂိုးသမားများအဖြစ် ကျော်ထက်အောင် (MIU FC)၊ ဇွဲပြည့်စုံ (VUC FC)၊ မိုးမင်းအောင် (Myoma FC)၊ ကစားသမားများအဖြစ် ဟိန်းမင်းစိုး (MIU FC)၊ မျိုးမြင့်စိုး (VUC FC)၊ ဇော်ဝဏ္ဏ (Myoma FC)၊ ကိုကိုလွင် (MIU FC)၊ စိုင်းပြုံးအောင် (MIU FC)၊ ဝေဇင်ဦး (VUC FC)၊ ထက်မြတ်ထွန်း (M2K FC)၊ ထက်မြတ်နိုင် (Myoma FC)၊ မျိုးသက်အောင် (MIU FC)၊ ငြိမ်းမင်းစိုး (VUC FC)၊ ထွဋ်ဝေထွန်း (VUC FC)၊ ချမ်းသာ (VUC FC)၊ ထွန်းအောင်ကျော် (Dream Team FC)၊ သိုင်းဘွဲ့အောင် (M2K FC)၊ ခင်ဇော်လင်း (MIU FC)၊ ရဲမင်းခန့် (MIU FC)၊ နိုင်လင်းထွန်းကျော် (VUC FC)၊ လှိုင်မင်းထွန်း (MIU FC)၊ အောင်ဇင်ဦး (VUC FC) တို့ ပါဝင်သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-Futsal Thailand