မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို ကစားသမား ၃၀ ဖြင့် ဖွဲ့စည်း

၂၈ ဇူလိုင်


၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို ပဏာမကစားသမား ၃၀ ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ဇူလိုင် ၂၉ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။ 


မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်သည် ပြည်တွင်းပြိုင်ပွဲများမှ ရွေးချယ်ထားသည့် ကစားသမားသစ်များ၏ ခြေစွမ်းကို စမ်းသပ်လိုသောကြောင့် ပဏာမကစားသမား ၃၀ အထိ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 


မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံပြိုင်ပွဲအတွက် အချိန်ယူပြင်ဆင်ခြင်းဖြစ်ပြီး စက်တင်ဘာတွင် တရုတ်ဖိတ်ခေါ်ပြိုင်ပွဲတွင် အောက်တိုဘာတွင် ပြည်ပလေ့ကျင့်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။ ယခုဖွဲ့စည်းလိုက်သည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတွင် နည်းပြချုပ် - ဦးဌေးမြင့်၊ လက်ထောက်နည်းပြ - ဦးကျော်ဇင်ညွန့်၊ ဂိုးနည်းပြ - ဦးထွန်းထွန်းလတ်၊ ဂိုး - ကျော်ထက်အောင်၊ ရန်ပိုင်ဟိန်း (MIU)၊ ဇွဲပြည့်စုံ (GV Athletic)၊ ပြည့်ဖြိုးအောင် (VUC)၊ ကစားသမား - ကိုကိုလွင်၊ ဟိန်းမင်းစိုး၊ ကျော်စိုးမိုး၊ နိုင်ရဲကျော်၊ လှိုင်မင်းထွန်း၊ ပြည့်ဖြိုးမောင်(၂)၊ ပြည့်ဖြိုးမောင် (၃)၊ ခင်ဇော်လင်း၊ ကျော်ကျော်ထွန်း၊ စိုင်းပြုံးအောင်(MIU)၊ မျိုးမြင့်စိုး၊ အောင်ဇင်ဦး၊ ဝေဇင်ဦး၊ နိုင်လင်းထွန်းကျော်၊  ငြိမ်းမင်းစိုး(VUC)၊ ထွဋ်ပြည့်ရှိုင်း(Comrade)၊ ကောင်းချစ်သူ၊ မျိုးသက်ပိုင်(GV Athletic)၊ ထက်ဝေငြိမ်းချမ်း (On Doctor)၊ ရဲရင့်ဦး၊ သီဟသူ(မြို့မ YTD)၊ ညီညီထွေး (Do Do Ko Ko)၊ သန့်ဇင်ထွန်း၊ ဆန်းမျိုးလှိုင် (AKS-A) ၊ ကျော်ဘိုဘိုနိုင်(ပြည့်စုံ FC)နှင့်  ချမ်းမြေ့အောင် (JZM-A) တို့ ပါဝင်ကြသည်။ ယခုရွေးချယ်လိုက်သည့် ပဏာမလူစာရင်းတွင် MFF Open Cup ဖူဆယ်ပြိုင်ပွဲမှ အလားအလာရှိသည့် ကစားသမားများ ပါဝင်လာပြီး မန္တလေးအခြေစိုက်အသင်းများမှ ကစားသမားလေးဦး ရွေးချယ်ခံခဲ့ရသည်။


၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အသင်းရှစ်သင်းပါဝင်ကာ မြန်မာအသင်းသည် အုပ်စု (က) တွင် ထိုင်း၊ တီမော၊ ကမ္ဘောဒီးယားတို့နှင့်အတူ ကျရောက်နေသည်။ 


သတင်း-ရဲရင့်ရှိုင်း