မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၂/၂၀၁၈)

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၂/၂၀၁၈)

 

 

၁။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဝမ်းမြောက်စွာကြိုဆိုပါသည်။

 

 

၂။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသာမက နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် အလေးထားကြိုးပမ်း ဆောင်ရွက်နေသည့် အချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အဆိုပါထုတ်ပြန်ချက်သည် များစွာအထောက်အကူ ဖြစ်စေသည့် အပြုသဘောဆောင်သော ထုတ်ပြန်ချက်တစ်ရပ် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

 

 

၃။ ဤကာလအတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်၍ ညှိနှိုင်းဆွေးနွေးသွားခြင်းအားဖြင့် တိုင်းရင်းသားပြည်သူအများ မျှော်လင့်နေကြသည့် ထာဝရငြိမ်းချမ်းရေးကို အမြန်ဖော်ဆောင်နိုင်ကြပါစေကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ တိုက်တွန်းအပ်ပါသည်။

 

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်