မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီဥပေဒေကြမ်း

ယမန်နေ့မှအဆက်

အခန်း (၁၄)စီမံခန့်ခွဲရေးဆိုင်ရာနည်းလမ်းအရ အရေးယူခြင်း၃၈။မှတ်ပုံတင်လက်မှတ်ရရှိသူ မည်သူမဆို ပုဒ်မ ၃၇ ပါ တာဝန်တစ်ရပ်ရပ်ကို ဖြစ်စေ၊ မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန် ကြောင်း စစ်ဆေးတွေ့ရှိပါက ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် ထိုသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် -

(က)သတိပေးခြင်း၊

( ခ )သင့်လျော်သော ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊

( ဂ )မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

(ဃ)မှတ်ပုံတင်လက်မှတ်ကို အပြီးအပိုင် ပယ်ဖျက်ခြင်း။

 

အခန်း (၁၅)

အယူခံဝင်ခြင်း

၃၉။ အလုပ်အမှုဆောင်အဖွဲ့၏ စီမံခန့်ခွဲရေးဆိုင်ရာနည်းလမ်းအရ ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်ခြင်းခံရသူသည် ကျေနပ်မှုမရှိပါက ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကောင်စီသို့ အယူခံဝင်နိုင်သည်။

၄၀။ပုဒ်မ ၃၉ အရ အယူခံလျှောက်ထားလာလျှင် ကောင်စီသည် အလုပ်အမှု ဆောင်အဖွဲ့၏ စီမံခန့်ခွဲရေးဆိုင်ရာနည်းလမ်းအရ ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အတည်ပြုခြင်း ပြုနိုင်သည်။

၄၁။ပုဒ်မ ၄၀ အရ ချမှတ်သော ကောင်စီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။

 

အခန်း (၁၆)

ရန်ပုံငွေထူထောင်ခြင်းနှင့် သုံးစွဲခြင်း

၄၂။ကောင်စီသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အောက်ပါ ရန်ပုံငွေများဖြင့် ရန်ပုံငွေတစ်ရပ် ထူထောင်နိုင် သည် -

(က)တာဝန်ခံဝန်ကြီးဌာနက ခွဲဝေချထားပေးသော ဘဏ္ဍာငွေကြေး၊

( ခ )မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး၊ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့် ကြေးနှင့် ရက်လွန်ကြေး၊ ဒဏ်ကြေး၊ စာမေးပွဲကြေးနှင့် အခြားအထွေ ထွေဝန်ဆောင်မှုများမှ ကောက်ခံရရှိငွေများ၊

( ဂ )ပြည်တွင်း၊ ပြည်ပရှိ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပုဂ္ဂလိကစေတနာရှင်များက ကောင်စီသို့ လှူဒါန်းငွေနှင့် ထောက်ပံ့ငွေများ၊

(ဃ)ရန်ပုံငွေမှ တရားဝင် တိုးပွားငွေများ။၄၃။ကောင်စီသည် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တည်ဆဲဘဏ္ဍာ ရေးစည်းမျဉ်း၊ စည်းကမ်း၊ òန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက် ရမည်။၄၄။ကောင်စီသည် ကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့ ၊ ရုံးအဖွဲ့နှင့် လုပ်ငန်း ကော်မတီတို့၏ ကုန်ကျစရိတ်များကို ကျခံရမည်။

၄၅။ကောင်စီသည် မိမိရန်ပုံငွေဖြင့် သီးခြားရပ်တည်နိုင်ရန် ဆောင်ရွက်ရမည်။ မိမိပိုင်ရန်ပုံငွေဖြင့် လုံလောက်မှုမရှိပါက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲ နိုင်ရန် တာဝန်ခံဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြတောင်းခံ နိုင်သည်။

 

၄၆။ရုံးခန်း၊ သင်တန်းခန်းမ၊ စာမေးပွဲခန်းမ၊ အစည်းအဝေးခန်းမနှင့် စာကြည့် တိုက် စသည်တို့ပါဝင်သည့် ကောင်စီရုံးအဆောက်အအုံအတွက်ဖြစ်စေ၊ နောင်တွင် ပေါ်ပေါက်လာမည့် နိုင်ငံတကာအဆင့်မီ ဘူမိသိပ္ပံပညာရပ်သင်တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများအတွက်ဖြစ်စေ လိုအပ်သောမြေနှင့် တည်ဆောက်မည့် အဆောက်အအုံတို့၏ ကုန်ကျစရိတ်များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ခွဲဝေထောက်ပံ့ပေးနိုင်ရန် တာဝန်ခံဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြတောင်းခံနိုင်သည်။

 

အခန်း (၁၇)

တားမြစ်ချက်များ

၄၇။မည်သူမျှ ဤဥပဒေအရ ကောင်စီကထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ် တစ်မျိုးမျိုးကို ရယူထားခြင်းမရှိဘဲ မည်သည့် ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ လုပ်ငန်း ကိစ္စရပ်ကိုမျှ တာဝန်ခံလုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။ အဆိုပါကိစ္စရပ်သည် အစိုးရ ဌာနများ၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် မသက်ဆိုင်စေရ။၄၈။ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ လုပ်ငန်းကိစ္စများ ဆောင်ရွက်နေသော ပုဂ္ဂလိကနှင့် အများပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဤဥပဒေအရ ကောင်စီကထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်တစ်မျိုးမျိုး ရရှိထားခြင်းမရှိသော မည်သည့်ဘူမိသိပ္ပံပညာရှင် ကိုမျှ မိမိတို့၏ ဘူမိသိပ္ပံပညာရပ်ဆိုင်ရာလုပ်ငန်းများတွင် တာဝန်ခံအဖြစ် ခန့်အပ် တာဝန်ပေးခြင်း မပြုရ။

၄၉။မှတ်ပုံတင်လက်မှတ်ရရှိသူ မည်သူမဆို -

(က)မိမိရရှိသည့် မှတ်ပုံတင်လက်မှတ်တွင် ခွင့်ပြုထားသည့် ဘူမိသိပ္ပံပညာ ရပ်ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များထက် ပိုမိုကျော်လွန်လုပ်ဆောင်ခြင်း မပြုရ။

( ခ )မိမိအား ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်ကို အခြားသူတစ်ဦးဦး အား လွှဲပြောင်းပေးခြင်း သို့မဟုတ် အသုံးပြုခွင့်ပေးခြင်း မပြုရ။

( ဂ )သက်တမ်းကုန်ဆုံးနေသော မှတ်ပုံတင်လက်မှတ်ဖြင့် မည်သည့် ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကိုမျှ ဆောင်ရွက်ခြင်း မပြုရ။

(ဃ)မှတ်ပုံတင်လက်မှတ်ဆိုင်ရာ သတ်မှတ်ကျင့်ဝတ်နှင့် စည်းကမ်းများကို ဖောက်ဖျက်ခြင်း မပြုရ။

၅၀။မှတ်ပုံတင်လက်မှတ်ရရှိသူ မည်သူမဆို မိမိရရှိသည့် အဆင့်အတန်းနှင့် မလျော်ညီ မသက်ဆိုင်သော အခေါ်အဝေါ် စကားရပ်များကို မိမိ၏ အမည်နှင့်ယှဉ်တွဲ၍ သုံးနှုန်းခြင်း မပြုရ။

၅၁။ကောင်စီက စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းအရ ရုပ်သိမ်း၊ ပယ်ဖျက်ခြင်း ခံရသည့် မှတ်ပုံတင်လက်မှတ်ကို ရုပ်သိမ်း၊ ပယ်ဖျက်ကြောင်း ဆုံးဖြတ်ချက်ချမှတ်သည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း ကောင်စီသို့ ပြန်လည်အပ်နှံရန် ပျက်ကွက်ခြင်း မရှိစေရ။

 

အခန်း (၁၈)

ပြစ်ဒဏ်များ

၅၂။မည်သူမဆို ပုဒ်မ ၄၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို $ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ် ချမှတ်ရမည်။

၅၃။မည်သူမဆို ပုဒ်မ ၄၈ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၁၀ဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် ရမည်။

၅၄။မှတ်ပုံတင်လက်မှတ်ရရှိသူ မည်သူမဆို ပုဒ်မ ၄၉ ပါ တားမြစ်ချက်တစ်ရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို $ ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၅၅။မှတ်ပုံတင်လက်မှတ်ရရှိသူ မည်သူမဆို ပုဒ်မ ၅၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို $ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၅၆။မှတ်ပုံတင်လက်မှတ်ရရှိသူ မည်သူမဆို ပုဒ်မ ၅၁ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို $ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။အခန်း (၁၉)အထွေထွေ

၅၇။ဤဥပဒေမပြဋ္ဌာန်းမီက ပြည်တွင်း၊ ပြည်ပ အစိုးရအသိအမှတ် ပြုတက္ကသိုလ်၊ ကောလိပ်တစ်ခုခုက အပ်နှင်းသည့် ဘူမိသိပ္ပံပညာရပ်ဆိုင်ရာဘွဲ့ရရှိထားသူ သို့မဟုတ် ဘွဲ့ရရှိပြီး အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော လုပ်ငန်းအဖွဲ့အစည်းတစ်ရပ်ရပ် တွင် ဝန်ထမ်းအဖြစ်လည်းကောင်း၊ တစ်သီးပုဂ္ဂလအဖြစ်လည်းကောင်း၊ ဘူမိသိပ္ပံ ပညာရှင်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသူ သို့မဟုတ် လက်ရှိလုပ်ကိုင်ဆောင်ရွက် နေဆဲ နိုင်ငံသားများ၊ ပြည်တွင်းတွင် လုပ်ကိုင်နေသူ နိုင်ငံခြားသားများက မှတ်ပုံတင် လက်မှတ်တစ်မျိုးမျိုးကို လျှောက်ထားလာပါက ဤဥပဒေနှင့်အညီ စိစစ်ပြီး လျှောက်ထားသူ၏ အရည်အချင်းနှင့်ကိုက်ညီသည့် မှတ်ပုံတင်လက်မှတ်ကို ကောင်စီ က ထုတ်ပေးနိုင်သည်။

၅၈။လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်း ဘူမိသိပ္ပံပညာရှင်များ သည် မိမိ၏ အရည်အချင်းနှင့် လျော်ညီသည့် မှတ်ပုံတင်လက်မှတ်တစ်မျိုးမျိုးကို မိမိသဘောဆန ́အလျောက် ရယူလိုပါက သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားနိုင်သည်။

၅၉။ကောင်စီသည် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်နှင့် ကောင်စီပိုင် တံဆိပ်တစ်ခုရှိသော တရားဝင်ရပ်တည်သည့် အဖွဲ့ ဖြစ်သည်။ ကောင်စီသည် တရား စွဲဆိုပိုင်ခွင့်နှင့် တရားစွဲဆိုခံပိုင်ခွင့် ရှိသည်။

၆၀။ဤဥပဒေအရပေးအပ်သော လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို သဘောရိုးဖြင့် ဆောင်ရွက်မှုအတွက် ကောင်စီဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရုံးအဖွဲ့ဝင် များ၊ လုပ်ငန်းကော်မတီဝင်များနှင့် ကောင်စီကတာဝန်ပေးအပ်သည့် ပြင်ပပုဂ္ဂိုလ် များကို တရားမကြောင်းအရဖြစ်စေ၊ ရာဇဝတ်ကြောင်းအရဖြစ်စေ တရားစွဲဆိုခွင့် မရှိစေရ။

၆၁။ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်ပါက တာဝန်ခံဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်။

၆၂။နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရုံးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် ကောင်စီက ခန့်အပ်တာဝန်ပေးသည့် ပြင်ပပုဂ္ဂိုလ်များ သည် ဤဥပဒေအရ လုပ်ငန်းတာဝန်ထမ်းဆောင်နေချိန်တွင် ပြည်သူ့ဝန်ထမ်းဖြစ် သည်ဟု မှတ်ယူရမည်။

၆၃။မှတ်ပုံတင်လက်မှတ်ရရှိသူ မည်သူမဆို ဤဥပဒေပါ ပြစ်ဒဏ်တစ်မျိုးမျိုး ချမှတ်ခြင်း ခံရပါက ကောင်စီသည် ထိုသူအား ထုတ်ပေးထားသည့် မှတ်ပုံတင် လက်မှတ်ကို နှစ်အကန့်အသတ်ဖြင့် ပိတ်သိမ်းနိုင်သည်။၆၄။ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် -

(က)တာဝန်ခံဝန်ကြီးဌာနသည် ကောင်စီနှင့် ညှိနှိုင်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သောနည်းဥပဒေများ၊ အမိန့်များနှင့် စည်းမျဉ်း စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ )တာဝန်ခံဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ကောင်စီသည် လိုအပ် သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ òန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။

jadd