မြန်မာနိုင်ငံ စာတတ်မြောက် အထာက်အကူပြု ပင်မဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုပွဲနှင့် ပညာရေးသံတမန် ဂုဏ်ပြုခန့်အပ်ပွဲ ကျင်းပမည်

ရန်ကုန် ၂၃ မတ်

မြန်မာနိုင်ငံ စာတတ်မြောက် အထာက်အကူပြုပင်မဌာန (MLRC)မှ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သူ (၁၉)ဦးအား ဂုဏ်ပြုပွဲနှင့် အနုပညာရှင် ဒေါက်တာချစ်သုဝေအား မြန်မာနိုင်ငံ စာတတ်မြောက် အထာက်အကူပြု ပင်မဌာန(MLRC) ပညာရေးသံတမန်အဖြစ် ဂုဏ်ပြုခန့်အပ်ပွဲကို မတ် ၃၁ ရက်တွင် ရန်ကုန် တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံ ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်ကို ၂၀ဝ၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ကျောင်းပြင်ပ မူလတန်းပညာရေး ပြီးဆုံးအောင်မြင်သူများထဲမှ အခြေခံပညာသို့ ဆက်လက်တက်ရောက် သင်ယူကြသူများအနက် ကြိုးစားအားထုတ်သူ ၂၄ ဦး သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးဆုံးအောင်မြင်၍ တက္ကသိုလ်အသီးသီးနှင့် အဝေးသင်တက္ကသိုလ်တို့တွင် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူလျက်ရှိသည်။

ကျောင်းပြင်ပရောက်ကလေးများ ပညာသင်ယူခွင့် ကင်းမဲ့ခဲ့ရာမှာ ကျောင်းပြင်ပ မူလတန်း ပညာရေးအစီအစဉ်ဖြင့် ပညာသင်ယူခွင့်ရရှိရာ ကလေးများကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ပညာရေး စေတနာရှင်များ၏ ပံ့ပိုးမှုကြောင့် အဆင့်မြင့်တက္ကသိုလ်ပညာရပ်များကို ဆည်းပူးခွင့်ရနေကြပြီဖြစ်ပြီး အလားတူ ကျောင်းပြင်ပရောက်ကလေးများအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးစောင့်ရှောက်ပေးမည့် အလှူရှင်ကြီးများ ပေါ်ထွက်လာရေး မြန်မာနိုင်ငံ စာတတ်မြောက် အထာက်အကူပြုပင်မဌာန(MLRC)က စည်းရုံးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(မောင်ပညာ)