မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (မန္တလေးတိုင်းဒေသကြီး) နှစ်ပတ်လည် အစည်းအဝေးအခမ်းအနားနှင့် ဓာတ်လှေကား၊ စက်လှေကား၊ မီးစက်ပြပွဲ၊ ဖွင့်ပွဲကျင်းပ

မန္တလေး  ၂  သြဂုတ် 


မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း မန္တလေးတိုင်းဒေသကြီး နှစ်ပတ်လည် အစည်းအဝေးအခမ်းအနားနှင့် ဓာတ်လှေကား၊ စက်လှေကား၊ မီးစက် ပြပွဲ၊ ဖွင့်ပွဲကို သြဂုတ်လ (၂)ရက် နံနက်(၉)နာရီက မန္တလေးမြို့၊ ၂၆လမ်းနှင့် ၇၁လမ်းထောင့် မြို့တော်ခန်းမတွင် ကျင်းပသည်။ ဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်း မန္တလေးတိုင်းဒေသကြီးမှ ဦးဝင်းမော်၊ PDI ကုမ္ပဏီ လီမီတက်မှ Technical Service Mgr ဦးကျော်စွာလင်း၊ အီဒန်ဘတ် elevator Myanmar မှ chief eigineer ဦးသီဟလှိုင်၊ မန္တလေးတိုင်း ဒေသကြီး Hotel ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် မန္တလေးတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးကိုကိုတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်သည်။ ထို့နောက်အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။


ထို့နောက် တာဝန်ရှိသူများက ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။ အဆိုပါ ဓာတ်လှေကား၊ စက်လှေကား၊ မီးစက် ပြပွဲတွင် ပြခန်းပေါင်း ၄၀ ရှိပြီး၊ ကုမ္ပဏီပေါင်း ၂၅ ခု ပါဝင်ပြသသည့်ဟု သိရှိရသည်။ ထို့နောက်မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် (မန္တလေးတိုင်းဒေသကြီး)၏ ၂၀၁၉ ခုနှစ်၊ စတုတ္ထအကြိမ် နှစ်ပတ်လည် စုံညီအစည်းအဝေးကျင်းပသည်။ ထို့နောက် အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုမှ အဖွင့်အမှာစကား ပြောကြားသည်။ 


ဆက်လက်၍ ကိုယ်စားလှယ်အသင်းသားအဖြစ် တက်ရောက်လာသည့် မြစ်ကြီးနား၊ ကချင်ပြည်နယ်၊ MCEF ရုံး၏ ကိုယ်စားလှယ်မှ ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် အသင်းကြီး၏ လုပ်ငန်းစဉ်များနှင့် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ် ငွေစာရင်းရှင်းတမ်းအား ဦးကျော်နိုင်ထွန်းမှ ဖတ်ကြားသည်။ 


အဆိုပါပြပွဲကို သြဂုတ်လ (၂)ရက်မှ သြဂုတ်လ (၄)ရက်ထိ နေ့စဉ် နံနက် (၉)နာရီမှ ညနေ(၆)နာရီထိ ပြသထားမည်ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။


ခင်ခင်ဝင်း (ပညာရေး)