မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြိုလှုပ်ရှားမှုအဖြစ် တွံတေးမြို့နယ်၌ မျက်စိကွင်းဆင်းကုသ

တွံတေး ဖေဖော်ဝါရီ  ၂၂

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်  မြန်မာနိုင်ငံ ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြိုလှုပ်ရှားမှုအဖြစ် မျက်စိအတွင်းတိမ်လူနာများ အခမဲ့ခွဲစိတ်ကုသမှု အစီအစဉ်ဖြင့် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက အဆိုပါဆေးရုံ လူနာစောင့် နားခိုဆောင်တွင် ကုသဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်နန်းလုံ ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မျက်စိအထူးကုဆရာဝန်ကြီး၊ ဆရာဝန် ခြောက်ဦး၊ မျက်မှန်ကျွမ်းကျင် နှစ်ဦးနှင့် သူနာပြု ဆရာ၊ ဆရာမများပါဝင်သော အဖွဲ့ဝင် ၁၈ ဦးက တွံတေးမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ မျက်စိဝေဒနာခံစားနေရသော ရဟန်းသံဃာများ၊ သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ ပြည်သူများအား အခမဲ့မျက်စိစမ်းသပ် ကုသပေးပြီး မျက်မှန်လိုအပ်သူများအား မျက်မှန်အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မျက်စိကုသရာတွင် တွံတေးခရိုင်၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးဇော်လှ၊ မြို့နယ်ကျန်းမားရေးမှူးအဆင့်(၁) ဦးလှစိုး၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီဆောင်ပေးခဲသည်။

 

တွံတေးသား