မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (ဗဟို)၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၃၁

 

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) (၃၃)ကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့နာယက၊ ရန်ကုန်တိုင်း ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ နာယကက မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ထုတ်ဝေသည့် မေတ္တာစမ်းရေမဂ္ဂဇင်းတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ပါဝင်သည့် စာမူရှင် () ဦးအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (ဗဟို) (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးမှ တင်သွင်းသည့် တိုင်းဒေသကြီးအတွင်းရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းပိုင် သားဖွားခန်းများ၏ အခြေအနေကို လေ့လာဆန်းစစ်ခြင်းနှင့် သုတေသနစာတမ်း ဒုတိယ ဆုရရှိအောင် ဆောင်ရွက်ခဲ့သည့် တိုင်းကျန်းမာရေး ဦးစီးဌာနမှူးအား ဂုဏ်ပြုဆု ငွေချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့မှ အနားယူတော့ မည့် အတွင်းရေးမှူး ဒေါ်စောစန္ဒာသန်းထံ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင် ဒေါ်စွဲ့ခင်မာဝင်းက အမှတ်တရ လက်ဆောင် ပေးအပ်သည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကက ဆုံးဖြတ်ချက် () ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၁၅) ရပ်တို့ကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများက မူကြိုကျောင်းများ အပ်နှံဖွင့်လှစ်မှုနှင့် သားဖွားခန်းလိုအပ်ချက် အခြေအနေများကို ဝိုင်းဝန်ဆွေးနွေး ကြပြီး ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

(သတင်းစဉ်)