မြန်မာနိုင်ငံ နယ်စပ်ဝင်ထွက်ပေါက်များမှ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်  ၇  ဖေဖော်ဝါရီ

 

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် လည်ပတ်လျက်ရှိပါသည်။

 

 

ထိုသို့ ဝင်ရောက်လျက်ရှိရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ တာချီလိတ်နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား ၂၅၈၉၆ ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသား ခရီးသွားဧည့်သည် ၄၆၇ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၃၀၃ ဦး စုစုပေါင်း ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၉၅၉ ဦးရှိကြောင်း သိရသည်။

 

mdn

 

နေ့ချင်းပြန်ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။

 

 

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရား ခြေတော်ရာစေတီ၊ ဈေးတန်းကြီးဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်၊  ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်း ဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်းစေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်းကုန်းဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာ အနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့် တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှတစ်ဆင့်  မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များအား ဝင်ရောက်လည်ပတ်ခဲ့ကြသည်။

 

 

ထိုပြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ရက်မှ ဖေဖော်ဝါရီ ၆ ရက်နေ့အတွင်း မြဝတီ၊ တမူးနယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်ပြီး တာချီလိတ်နယ်စပ်မှတဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ထွက်ခွာသည့် ခရီးစဉ် () ခု၊ မော်တော်ယာဉ် (၂၀) စီး၊ မော်တော်ဆိုင်ကယ် (၃၀) စီး၊ လူဦးရေ (၇၁) ဦးတို့သည်လည်းကောင်း၊ တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်ပြီး တာချီလိတ်နယ်စပ်ပေါက် အပါအဝင် မြန်မာနိုင်ငံ နယ်စပ်ဝင်/ထွက်ပေါက်အသီးသီးမှ ထွက်ခွာသည့် ခရီးစဉ် () ခု၊ မော်တော်ယာဉ်(၁၅) စီး၊ လူဦးရေ (၁၅၃) ဦးတို့သည်လည်းကောင်း အသီးသီး ဝင်ရောက်လည်ပတ်ခဲ့သည်။

 

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ရက်နေ့အထိ  နေ့ချင်းပြန်/ညအိပ် ထိုင်းနိုင်ငံသား ၁၃၆၆၂၄ ဦး၊ တတိယနိုင်ငံသား အများစုပါဝင်သော ခရီးသည် ၂၂၁၆ ဦး၊ လန့်တောင်းနှီးဘုရား နေ့ချင်းပြန်ခရီးစဉ်သို့ ထိုင်းနိုင်ငံသား ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ စုစုပေါင်း ဧည့်သည် ၁၄၆၀ ဦး ဗီဇာ (ဗီဇာကင်းလွတ်ခွင့်)ဖြင့်  စုစုပေါင်း နိုင်ငံခြားသား ၅၈၁၇ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း လူဝင်မှု၊ ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

 

 

MDN