မြန်မာနိုင်ငံ ပြည်ပကိုဗဟိုပြုကာ အင်အားအသင့်တင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၁၂ ဧပြီ

 

ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၅၃ မိနစ် ဝ၀စက္ကန့် အချိန်တွင် ပုသိမ်မြေငလျင်စခန်းမှ တောင်- အနောက်တောင်ဘက် (၃၅၆) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၁.၈၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၂.၉၈) ဒီဂရီ၊ အနက် (၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

 

MDN