မြန်မာနိုင်ငံအစိုးရက ဆီးရီးယားအာရပ်သမ္မတနိုင်ငံအား  လူသားချင်းစာနာ ထောက်ထားမှု အကူအညီ အဖြစ် အလှူငွေ ပေးအပ်လှူဒါန်း

နေပြည်တော် မေ ၄

 

ဆီးရီးယားအာရပ်သမ္မတနိုင်ငံတွင် ဖေဖော်ဝါရီ ၆ ရက်က မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက် နစ်နာခဲ့ရသည့်ပြည်သူများအတွက် မြန်မာနိုင်ငံအစိုးရမှ လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀/- နှင့်ညီမျှသည့် အိန္ဒိယရူပီးငွေ ၈,၁၂၇,၂၀၄/- ကို အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးမိုးကျော်အောင်က အိန္ဒိယနိုင်ငံဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး H.E. Dr. Bassam Seifeddin Alkhatib ထံသို့ ဧပြီ ၂၈ ရက်တွင် လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)