မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ထွက်ခွာ

 

ရန်ကုန်၊ မေ  ၃

 

၂၀၂၃ ခုနှစ်၊ မေ(၅)ရက်မှ (၁၇)ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်  မြန်မာ အားကစားအဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာကြရာ  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များ၊မိဘပြည်သူများ ကရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက် ကြသည်။

 

ထို့သို့မထွက်ခွာမှီ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မြန်မာအားကစား အဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကျန်းမာရေးကိုအထူးဂရုစိုက်ရန်၊ အောင်မြင်မှုများရရှိပြီး နိုင်ငံ့ ဂုဏ်ဆောင်နိုင်အောင် အစွမ်းကုန်ကြိုးစားကြရန် အားပေးစကား ပြောကြားကြသည်။

 

အဆိုပါ အားကစားအဖွဲ့များတွင် ဖိတ်ကြားခံပုဂ္ဂိုလ်(၁)ဦး၊ အုပ်ချုပ်မှုအဖွဲ့ (၁၃)ဦး၊ ဗိုဗီနမ်အားကစား နည်းမှ  အုပ်ချုပ်/ နည်းပြ (၆)ဦး၊ အမျိုးသားအားကစားသမား(၁၅)ဦး ၊ အမျိုးသမီး အားကစားသမား(၁၁)ဦး၊ ပီတန်း အားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၂)ဦး၊ အမျိုးသားအား ကစားသမား(၂)ဦး၊ အမျိုးသမီး အားကစား သမား(၇)ဦး၊ လက်ဝှေ့အားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၄)ဦး၊ အမျိုးသား အားကစားသမား(၆)ဦး၊ အမျိုးသမီးအားကစား သမား(၃)ဦး၊ တင်းနစ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၂)ဦး၊ အမျိုးသား အားကစား သမား(၄)ဦး၊ အမျိုးသမီးအားကစားသမား(၃)ဦး၊ ပြေးခုန်ပစ်(မာရသွန်)အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၄)ဦး၊ အမျိုးသား အားကစားသမား(၂)ဦး၊ အမျိုးသမီးအားကစားသမား(၄)ဦး၊  ရိုးရာလက် ဝှေ့အားကစား နည်းမှ အုပ်ချုပ်/နည်းပြ(၆)ဦး၊ အမျိုးသားအားကစားသမား(၉)ဦး၊ အမျိုးသမီး အားကစားသမား(၃)ဦး၊ ခြင်းလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၆)ဦး၊ အမျိုးသားအား ကစားသမား(၁၄)ဦး၊ အမျိုးသမီး အားကစားသမား(၁၄)ဦးနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူ ကြီး(၈)ဦးတို့ လိုက်ပါသွားကြောင်း သိရသည်။

(သတင်းစဉ်)