နေပြည်တော် ဇူလိုင် ၁၀
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးနှင့် ဒေါက်တာဆွေဆွေအောင်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mrs. Yana Lantratova နှင့် ကော်မရှင်နှစ်ရပ်အကြား လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ယနေ့ မွန်လွဲပိုင်းတွင် Online Platform မှတစ်ဆင့် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေး
တွေ့ဆုံစဉ် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့အတွက် ကော်မရှင်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ထိတွေ့ဆက်ဆံမှုတိုးမြှင့်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့သည် လူ့အခွင့်အရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာစေရန်၊ အတွေ့အကြုံ၊ ဗဟုသုတနှင့် ကျင့်သုံးဆောင်ရွက်မှု ပုံစံကောင်းများကို ဖလှယ်နိုင်ရန်နှင့် အဖွဲ့အစည်းနှစ်ရပ်အတွက် အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နိုင် ရန်ရည်ရွယ်၍ ကော်မရှင်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation) ကို ၂၀၂၅ ခုနှစ် အတွင်းတွင် လက်မှတ်ရေးထိုးချုပ်ဆိုထားရှိကြောင်း သိရသည်။
သတင်းစဉ်


