မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ  အကူအညီများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

နေပြည်တော် ဧပြီ ၂

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့ မွန်းလွဲ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေး မှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ် များအားတွေ့ဆုံ၍ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးသည်။  

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုများနှင့်  ပတ်သက်၍ လိုအပ်သူများထံ အကူအညီများ အမှန်တကယ်ရောက်ရှိရေးကို များစွာအလေးထားကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

အဆိုပါ အစီအစဉ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ မြန်မာ နိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။  

(သတင်းစဉ်)