မြန်မာနိုင်ငံစာရင်းကောင်စီ လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့်ဒီပလိုမာစာရင်းကိုင်စာမေးပွဲ အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မြန်မာနိုင်ငံစာရင်းကောင်စီ၏ လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့်ဒီပလိုမာစာရင်းကိုင်စာမေးပွဲ အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်း ရန်ကုန်မြို့၌ ကျင်းပသည်။

 

 

အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိအောင် ကဏ္ဍပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းလျက်ရှိရာ မိမိတို့မြန်မာနိုင်ငံ စာရင်းကောင်စီကလည်း နိုင်ငံတော်၏လိုအပ်ချက်တစ်ရပ်ဖြစ်သော အရည်အသွေးပြည့်ဝသည့် စာရင်း ပညာရှင်များနှင့် စာရင်းပညာကျွမ်းကျင်သူများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ အောင်လက်မှတ်ရရှိသူများအနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် မိမိတို့တတ်ကျွမ်းထားသော ပညာရပ်များဖြင့် ကျရာကဏ္ဍမှ ပါဝင်ကြိုးပမ်းထမ်းဆောင်ကြစေလိုကြောင်း ၊ လက်ရှိ မိမိတတ်မြောက် ထားသော ပညာရပ်များ ၊ အတွေ့အကြုံများဖြင့်သာ တင်းတိမ်ကျေနပ်မနေဘဲ အသစ်အသစ်ဖြစ် ပေါ်တိုးတက်နေသော စာရင်းပညာနယ်ပယ်အပါအဝင် ပညာရပ်နယ်ပယ်တိုင်းကို အမြဲတစေ အာရုံစိုက် လေ့လာနေရမည်ဖြစ်ကြောင်း၊ မိမိတို့၏စာရင်းပညာရပ်ဆိုင်ရာ အရည်အချင်းများ အစဉ်ခေတ်မီ တိုးတက် နေစေရေးကြိုးစားနေရန်ဖြစ်ကြောင်း၊ အောင်လက်မှတ်ရရှိသူများအနေဖြင့် လုပ်ငန်းခွင် နယ်ပယ်အသီးသီးသို့ ဝင်ရောက်တာဝန်ယူ ဆောင်ရွက်ကြသည့်အခါ စာရင်းပညာရှင် ၊ စာရင်းကျွမ်း ကျင်သူများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာနှင့်အညီ ရိုးသားဖြောင့်မတ်သော၊ ဂုဏ်သိက္ခာရှိ သော၊  ကိုယ်ကျင့်တရားကောင်းမွန်သော လူတော်လူကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်သွားရန် အထူးလိုအပ်ကြောင်း မှာကြားသည်။

 

 

ထို့နောက် ဆုနှင့်ပညာရေးရန်ပုံငွေသို့လှူဒါန်းခဲ့သည့် အလှူရှင်များအား မြန်မာနိုင်ငံစာရင်း ကောင်စီဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် မြန်မာနိုင်ငံစာရင်းကောင်စီ ဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနာယကနှင့် အလုပ်အမှုဆောင်များက စာမေးပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ဘာသာရပ်အလိုက် အမှတ်အများဆုံးရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများ၊ ဒုတိယပိုင်းစာမေးပွဲအောင်မြင်သူများနှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင် များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ်စာမေးပွဲအောင်မြင်သူများအား အောင်လက်မှတ်များ ချီးမြှင့် ပေးအပ်သည်။

 

 

(သတင်းစဉ်)