မြန်မာနိုင်ငံစာရင်းကောင်စီ၏ နှစ် ၅၀ ရွှေရတုခရီး

ခင်နိုင်နိုင်မင်းဦး (OAG)

 

ရွှေရတုခရီးအစ

မြန်မာနိုင်ငံစာရင်းကောင်စီ (Myanmar Accountancy Council)ကို ပြည်ထောင်စု မြန်မာနိုင်ငံ  တော်လှန်ရေး ကောင်စီ၏ ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေအရ စတင်ဖွဲ့စည်းခဲ့ရာ ယခု ၂၀၂၂ ခုနှစ်သည်   နှစ်  ၅၀  တိုင်ခဲ့၍  ရွှေရတု အခါသမယဖြစ်ပါသည်။

 

နိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲတိုးတက် မှုများနှင့်အညီ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို    ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။ လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂-၁၂-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်- ၃၆၃/၂၀၂၁ ဖြင့် မြန်မာနိုင်ငံစာရင်းကောင်စီကို ပြန်လည် ဖွဲ့စည်းပြီးဖြစ်သည်။

 

ဖွဲ့စည်းထားရှိမှု

မြန်မာနိုင်ငံ   စာရင်းကောင်စီကို ငွေကြေး၊   ဘဏ္ဍာရေး၊  စီးပွားရေးနှင့် စာရင်းပညာ  နယ်ပယ်ကဏ္ဍစုံမှ   ဌာန အကြီးအကဲများ၊  စာရင်းပညာရှင်များ စုံလင်စွာ      ပါဝင်ဖွဲ့စည်းထားသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်မှာ ဥက္ကဋ္ဌအဖြစ်  တာဝန်ထမ်းဆောင်ပြီး ပြည်ထောင်စု  စာရင်းစစ်ချုပ်ရုံးသည် မြန်မာနိုင်ငံ      စာရင်းကောင်စီ၏ ရုံးလုပ်ငန်းများကို    ဆောင်ရွက်ပေးရ သည်။ ဒုတိယဥက္ကဋ္ဌနှစ်ဦးမှာ ဒုတိယစာရင်းစစ်ချုပ်နှင့် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌတို့ ဖြစ်သည်။   တွဲဖက်အတွင်းရေးမှူးမှာ အသင်းအတွင်း ရေးမှူးဖြစ်ပြီး အတွင်းရေးမှူးမှာ ညွှန်ကြားရေးမှူးချုပ်၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ ဖြစ်သည်။

 

စာရင်းပညာရှင်များ အဆက်မပြတ် မွေးထုတ်

မြန်မာနိုင်ငံ  စာရင်းကောင်စီသည် ဖွဲ့စည်းသည်မှစ၍  စာရင်းပညာရပ် ပိုမို တိုးတက်ထွန်းကားလာစေရန် စဉ်ဆက်မပြတ်     ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းအဖွဲ့အစည်း   တစ်ခုအနေဖြင့် အောင်မြင်လျက်ရှိသည်    သို့မဟုတ် ဆုတ်ယုတ်လျက်ရှိသည်ဟူသော သုံးသပ်ချက်ကို   ဘဏ္ဍာရေးရှင်းတမ်းများဖြင့် တွက်ချက်       ခန့်မှန်းရသည်ဖြစ်ရာ ထိရောက်သော စာရင်းကိုင်စနစ်ထားရှိ ရေးအတွက်      လုပ်ငန်းအဖွဲ့အစည်း တိုင်းတွင်  စာရင်းပညာရှင်နှင့်    စာရင်း ကျွမ်းကျင်သူများ လိုအပ်သည်။ သို့ဖြစ် ပါ၍ မြန်မာနိုင်ငံ စာရင်းကောင်စီအနေ ဖြင့် အရည်အချင်းပြည့်မီသော စာရင်း ပညာရှင်နှင့် စာရင်းကျွမ်းကျင်သူများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည်။

 

လက်မှတ်ရ   ပြည်သူ့စာရင်းကိုင် (Certified Public Accountant - CPA) သင်တန်းများကို   ၉-၁၀-၁၉၇၂  နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား များအား    စာတွေ့အပြင်   စာရင်းကိုင် အလုပ်သင်အဖြစ် လက်တွေ့ဆောင်ရွက် စေပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ယခုအချိန်အထိ   သင်တန်းအမှတ်စဉ် (၁) မှ (၄၆)  အထိ  ဖွင့်လှစ်သင်ကြား နိုင်ခဲ့ပြီး လက်မှတ်ရ ပြည်သူ့စာရင်းကိုင်  ၂၆၆၆    ဦးကို   မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

ဒီပလိုမာ     စာရင်းကိုင်သင်တန်း (Diploma  In  Accountancy - DA)ကို ၅-၃-၁၉၇၃  နေ့မှစတင်၍  သင်တန်း ကာလမှာ နှစ်နှစ်ဖြင့်     ဖွင့်လှစ်ခဲ့ရာ ယခုအခါ သင်တန်းအမှတ်စဉ်-၄၁ အထိ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး  ဒီပလိုမာစာရင်းကိုင်အောင်မြင်ပြီးသူ  ၄၇၁၄ ဦး အထိ ရှိလာပြီဖြစ်သည်။

 

ထိုသို့   လက်မှတ်ရပြည်သူ့စာရင်း ကိုင်(အောင်)/(ပြည့်မီ)များ၊  ဒီပလိုမာ စာရင်းကိုင်များ မွေးထုတ်ပေးနိုင်ခဲ့ခြင်း သည် နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် စာရင်းပညာရှင်    လုပ်သားကောင်းများ တိုးပွား      များပြားလာစေ ရန်အတွက် ကောင်စီ၏  ဆောင်ရွက်ပေးနိုင်ခဲ့မှုပင် ဖြစ်သည်။

 

အရည်အချင်းပြည့်မီရေး

လက်မှတ်ရ   ပြည်သူ့စာရင်းကိုင် (ပြည့်မီ)အဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်းအား ယခင်က လက်မှတ်ရပြည်သူ့ စာရင်းကိုင် (ဒုတိယပိုင်း)   စာမေးပွဲအောင်မြင်ပြီး စာရင်းကိုင်အလုပ်သင် လုပ်သက်နှစ်နှစ် ပြည့်မြောက်သူများ အား    မှတ်ပုံတင်ခွင့်ပြုခဲ့သည်။  ၂၀၁၅  ခုနှစ်မှစတင်၍ စာရင်းကိုင်အလုပ်သင် လုပ်သက်ကာလ ကို နှစ်နှစ်မှ သုံးနှစ်သို့ ပြင်ဆင်သတ်မှတ် ခွင့်ပြုခဲ့ပြီး အာဆီယံဒေသတွင်း တန်းတူ ယှဉ်ပြိုင်မှု     အခွင့်အလမ်းရရှိစေရေး ဆောင်ရွက်ပေးခဲ့သည်။ ၃၀-၁၁-၂၀၂၂ နေ့ထိ လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ)အဖြစ်   မှတ်ပုံတင်သူ   ၁၂၂၀ ရှိပြီဖြစ်သည်။

 

စာရင်းပညာသင်ကြားမှု နယ်ပယ် ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင်ဆောင်ရွက် နိုင်ရန်  ဒီပလိုမာစာရင်းကိုင်သင်တန်း၊ လက်မှတ်ရ           ပြည်သူ့စာရင်းကိုင် သင်တန်းနှင့် ကောင်စီကသတ်မှတ်သည့် အခြားသင်တန်းများအတွက် ကိုယ်ပိုင် စာရင်းကိုင်     သင်တန်းကျောင်းများ ဖွင့်လှစ်လုပ်ကိုင်ခွင့် လျှောက်ထားမှုကို ခွင့်ပြုပေးခြင်းသည်လည်း မြန်မာနိုင်ငံ စာရင်းကောင်စီ၏   လုပ်ငန်းတာဝန် တစ်ရပ်ပင်ဖြစ်သည်။ အဆိုပါ ကိုယ်ပိုင် စာရင်းကိုင် သင်တန်းကျောင်းများတွင် သင်တန်းဆရာအနေဖြင့်ဖြစ်စေ၊ တစ်ဦး ချင်းကိုယ်တိုင် သင်တန်းဆရာအနေဖြင့် ဖြစ်စေ  လုပ်ကိုင်ရန်    သင်တန်းဆရာ မှတ်ပုံတင်လက်မှတ်     ထုတ်ပေးခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ပါ သည်။ ယခုအထိ ကိုယ်ပိုင်စာရင်းကိုင်သင်တန်း ကျောင်း ၁၈ ကျောင်းနှင့် သင်တန်းဆရာ ၁၅၀ ၊   အများနှင့် ဆိုင်သော   စာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ်   ၁၄၆၁  ဦး အား မှတ်ပုံတင်ခွင့်ပြုပေးပြီး ဖြစ်သည်။ ကိုယ်ပိုင် သင်တန်းကျောင်းများ  ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးခြင်း၊      သင်တန်းဆရာ အဖြစ်   မှတ်ပုံတင်လက်မှတ် ထုတ်ပေး ခဲ့ခြင်းဖြင့်     စာရင်းပညာ လေ့လာဆည်းပူးလိုသူများနှင့် စာရင်း ကောင်စီမှ     မွေးထုတ်ပေးလိုက်သည့် စာရင်းပညာရှင်     သင်တန်းဆရာတို့ အတွက် အခွင့်အလမ်းသစ်များ ဖော်ထုတ် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

 

စဉ်ဆက်မပြတ်လေ့ကျင့်ပေး

ထို့အပြင်        မြန်မာနိုင်ငံစာရင်း ကောင်စီက   ဖွင့်လှစ်ခွင့်ပြုသည့်  CPA, DA    သင်တန်းများနှင့်   ကောင်စီက အခါအားလျော်စွာ ဖွင့်လှစ်ခွင့်ပြုသည့် စာရင်းသင်တန်းများကို    တိုးချဲ့ဖွင့်လှစ်နိုင်ရန်၊   နိုင်ငံတော်၏    ပညာရေးကဏ္ဍ နှင့်  စီးပွား‌ရေးကဏ္ဍများ    ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်  အထောက်အကူ ပြုမည့်     အရည်အချင်းပြည့်မီသော စာရင်းပညာရှင်များနှင့်      စာရင်း ကျွမ်းကျင်သူများ ပိုမိုတိုးပွားလာစေရန် ပြည်ထောင်စု    စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်တွင် အဆင့်မြင့်စာရင်းကိုင် နှင့် စာရင်းစစ်သင်တန်း ကျောင်းသစ်ကြီး ကို ၈-၁၂-၂၀၂၂ နေ့၌ ဖွင့်လှစ်ပေးခဲ့ခြင်းသည်    အစိုးရဌာန၊   အဖွဲ့အစည်းမှ ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂိုလ်များအတွက် စာရင်းကိုင်နှင့်   စာရင်းစစ်ပညာရပ် ဆိုင်ရာနှင့်      ရုံးလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို  တက်ရောက် နိုင်ရန် ဖန်တီးပေးနိုင်မှု သမိုင်းမှတ်တိုင် တစ်ခုပင်ဖြစ်သည်။

 

နိုင်ငံအကျိုးရှေးရှုဆောင်ရွက်ရေး

ယခုအခါ   နိုင်ငံတော်အဖွဲ့အစည်း အသီးသီးတွင်    လက်မှတ်ရပြည်သူ့ စာရင်းကိုင်နှင့်    ဒီပလိုမာစာရင်းကိုင် စာမေးပွဲ        ဖြေဆိုအောင်မြင်ပြီးသော စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူ အများစုသည်  မိမိတို့တတ်ကျွမ်း သည့်စာရင်းပညာကို အသုံးချပြီး နိုင်ငံတော်အတွက်    ကျရာကဏ္ဍမှ   ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စာရင်းကောင်စီက   ကောက်ယူပြုစုခဲ့သည့် ၂၀၂၁ ခုနှစ်အတွက် စာရင်းပညာ ရှင်နှင့်   စာရင်းကျွမ်းကျင်သူများ၏ အင်အားအချက်အလက်များအရ  နိုင်ငံပိုင် ကဏ္ဍစာရင်းလုပ်ငန်းနယ်ပယ်တွင် စာရင်းပညာရှင် (ပထမ အဆင့်) ၄၆ ဦး၊ စာရင်းပညာရှင် (ဒုတိယအဆင့်) ၁၁၅ ဦး၊   စာရင်းကျွမ်းကျင်သူ   ၆၈၇၇  ဦး တို့သည်  ပြည်သူနှင့်အတူ  လက်တွဲ၍ နိုင်ငံ့အကျိုးမျှော်ကိုးကာ     နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုကဏ္ဍတွင်   ပါဝင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေ သည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။ ပုဂ္ဂလိက ကဏ္ဍ စာရင်းလုပ်ငန်းနယ်ပယ်ရှိ စာရင်း ပညာရှင်နှင့် စာရင်းကျွမ်းကျင်သူဦးရေ ကိုလည်း သိရှိနိုင်ရေး ဆက်လက်စီစဉ် ဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။

 

ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေး

မြန်မာနိုင်ငံ  စာရင်းကောင်စီသည် စာရင်းလုပ်ငန်းနယ်ပယ်     စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်     အများနှင့် ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်သူ များအား စာရင်းစစ်လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုပေးခြင်း     လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအထိ စာရင်းစစ်လုပ်ငန်း   (တစ်ဦးတည်းပိုင်) ၂၉၁ ခု၊ စာရင်းစစ်လုပ်ငန်း (အစုစပ်) ၁၇ ခု၊ စာရင်းစစ်လုပ်ငန်း(ကုမ္ပဏီ)  ၃၅  ခု တို့ကို မှတ်ပုံတင်ခွင့်ပြုပေးပြီး ဖြစ်သည်။

 

မြန်မာနိုင်ငံ စာရင်းကောင်စီသည် နိုင်ငံသားများအပြင်     နိုင်ငံခြားသား စာရင်းပညာရှင်များနှင့်     နိုင်ငံခြား လုပ်ငန်း    အဖွဲ့အစည်းများကိုလည်း  အများပြည်သူသို့   စာရင်းဝန်ဆောင်မှု ပေးသည့်လုပ်ငန်းမှအပဖြစ်သော စာရင်း လုပ်ငန်း (Non-Audit Services)များ ကို မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ပြုပေးပါသည်။ ယခုအထိ   စာရင်းလုပ်ငန်း (တစ်ဦးတည်းပိုင်-နိုင်ငံသား) ၆၆ ခု၊ (အစုစပ်-နိုင်ငံသား)  ၃  ခု၊  (ကုမ္ပဏီ-နိုင်ငံသား) ၇၄ ခု နှင့် (ကုမ္ပဏီ-နိုင်ငံခြားသား) ၂၆ ခု တို့ကို မှတ်ပုံတင်ခွင့်ပြုပြီး ဖြစ်ပါသည်။ နိုင်ငံခြားသားနှင့် နိုင်ငံခြားလုပ်ငန်း အဖွဲ့အစည်းများသည်  Non-Audit   Services   လုပ်ငန်းများကို လုပ်ကိုင်ရာတွင် ဝန်ထမ်းခန့်ထားမှုကို မြန်မာနိုင်ငံ   ရင်းနှီးမြှုပ်နှံမှုဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ   လိုက်နာ ဆောင်ရွက်စေခြင်းသည်    နိုင်ငံတွင်း စာရင်းကိုင်၊       စာရင်းစစ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုမှုအတွက် အကာအကွယ်တစ်ရပ်ဖြစ်သဖြင့် ကောင်စီ၏  စေတနာထား  ဆောင်ရွက်ပေးမှု မှတ်တိုင်တစ်ခုပင်ဖြစ်သည်။

 

အမျိုးသားအဆင့် စာရင်းပညာရှင်များအဖွဲ့

စာရင်းပညာနယ်ပယ်     စဉ်ဆက် မပြတ်     ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု     စာရင်းစစ်ချုပ်ရုံး၏ ကြီးကြပ်မှုလမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စာရင်းကောင်စီသည် Regulatory Body အဖြစ် ဆောင်ရွက်လျက်ရှိပြီး အမျိုးသားအဆင့်   စာရင်းပညာရှင်အဖွဲ့အစည်းဖြစ်သည့်    မြန်မာနိုင်ငံ လက်မှတ်ရ  ပြည်သူ့စာရင်းကိုင်များ အသင်း  (Myanmar Institute of Certified Public Accountants - MICPA) ကို အမျိုးသား အဆင့်   စာရင်းပညာရှင်အဖွဲ့အစည်း အဖြစ် အသိအမှတ်ပြုပေးခဲ့သည်။

 

မြန်မာနိုင်ငံ   လက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်းသည် ပုဂ္ဂလိက ကဏ္ဍနယ်ပယ်တွင် လက်တွေ့ ဆောင်ရွက်လျက်ရှိသည့် အရေးပါသောအဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ စာရင်းကောင်စီသည်     အဆိုပါအသင်းအား လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းတို့ကိုလည်း  ဆောင်ရွက်ပေးလျက်ရှိသည်။

 

အာဆီယံဒေသတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်

မြန်မာ့စီးပွားရေး     နယ်ပယ်တွင် စာရင်းပညာဆိုင်ရာ     လုပ်ငန်းများ၌ နိုင်ငံတကာစံများနှင့်အညီ    ရပ်တည် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်ပြီး အာဆီယံဒေသ တွင်း နိုင်ငံများအကြား အသိအမှတ်ပြု သဘောတူညီမှု (Mutual Recognition Arrangement – MRA on Accountancy Services) တွင် လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

 

အာဆီယံဒေသအတွင်းရှိ အာဆီယံ လက်မှတ်ရစာရင်းပညာရှင်   (ASEAN Certified Public Accountants - ACPA) ၅၇၃၇ ဦးရှိရာ  ၂၀၂၁ ခုနှစ်အထိ မြန်မာနိုင်ငံမှ   အာဆီယံလက်မှတ်ရ စာရင်းပညာရှင်  ၄၇၇ ဦး ပါဝင်ဆောင် ရွက်နိုင်ခဲ့သည်။ MRA အရ ASEAN CPA များသည် Audit and Assurance Services များမှအပ Non-Audit Services များကို         ဒေသတွင်းနိုင်ငံများတွင် လုပ်ကိုင်ခွင့်ရရှိလာပြီဖြစ်သည်။

 

နိုင်ငံတကာစံများနှင့်အညီ

၂၀၁၅   ခုနှစ်  အာဆီယံစီးပွားရေး အသိုက်အဝန်း  (ASEAN  Economic Community-AEC) ပေါ်ပေါက်လာခဲ့ပြီး မြန်မာ့စီးပွားရေးနယ်ပယ်တွင် စာရင်း ပညာဆိုင်ရာလုပ်ငန်းများ၊   အခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံအုပ်ချုပ်မှု ကိစ္စရပ်များ၌     နိုင်ငံတကာစံများနှင့်အညီ ရပ်တည်ဆောင်ရွက်စေလျက်ရှိသည်။ အများနှင့်ဆိုင်သော   စာရင်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့်အပြောင်းအလဲ လျင်မြန်သည့်   ယနေ့ခေတ်စီးပွားရေး ဝန်းကျင် (Business Environment)တွင် လုပ်ငန်းခွင်နယ်ပယ်၌ နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ အောင်မြင်စွာ ရပ်တည်နိုင်ရေး၊         အသက်မွေး ဝမ်းကျောင်းပညာရပ်၊ ကိုယ်ကျင့်တရား နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာစံများ (Professional, Ethical and Governance Standards) လိုက်နာမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေရေးအတွက်  စာရင်း ပညာရှင်များ လိုက်နာကျင့်သုံးရမည့် နိုင်ငံတကာစာရင်းစစ်စံများ၊ နိုင်ငံတကာ ကျင့်ဝတ်များကို  ပြဋ္ဌာန်းပေးခဲ့ခြင်းသည် လည်း  ကောင်စီ၏  စာရင်းပညာနှင့် စာရင်းနယ်ပယ်      ခိုင်မာအားကောင်းမှု အတွက်   အခြေခံသတ်မှတ်ချက်များ ချမှတ်  ထိန်းကျောင်းပေးနိုင်မှုများပင် ဖြစ်သည်။

 

နှစ် ၅၀ ပြည့်ရွှေရတု ထူးခြားမှတ်တိုင်တစ်ခု

စာရင်းပညာပြန့်ပွားရေးနှင့် စာရင်း ပညာရှင်များ၊  စာရင်းကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေးနှင့်  စာရင်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဆောင်ရွက် လာခဲ့ခြင်း နှစ် ၅၀ ပြည့် ရွှေရတုအထိမ်း အမှတ်  အခမ်းအနားကို  ၂၀၂၂  ခုနှစ် ဒီဇင်ဘာလ  ၁၄  ရက်နေ့မှ ၁၆ ရက်နေ့ အထိ   ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်တွင် MICPA နှင့် ပူးပေါင်း၍ အကြိုစာတမ်းဖတ်ပွဲနှင့်   စကားဝိုင်း ဆွေးနွေးပွဲများကျင်းပခြင်း၊ မှတ်တမ်း ဓာတ်ပုံပြခန်း၊  အထိမ်းအမှတ်  ဂုဏ်ပြုတေးသီချင်း     ထုတ်လွှင့်ပြသခြင်း၊ ဂုဏ်ပြုမှတ်တမ်း လွှာများနှင့်   အထိမ်း အမှတ်လက်ဆောင်များ ပေးအပ်ခြင်းနှင့် CPA, DA သင်တန်းများတွင် ထူးချွန်သူ များအား ဆုချီးမြှင့်ခြင်းများကို ဆောင် ရွက်ခဲ့သည်။   အဆိုပါ  အထိမ်းအမှတ် အခမ်းအနားကို    မြန်မာနိုင်ငံစာရင်း  ကောင်စီနှင့်  မြန်မာနိုင်ငံ   လက်မှတ်ရ  ပြည်သူ့စာရင်းကိုင်များအသင်းတို့မှ တာဝန်ရှိသူများ၊        စာတမ်းရှင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများနှင့်   အခြားဖိတ်ကြားထားသည့် ဧည့်သည်တော် များက In person ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းများ၊ အစိုးရ ဌာနအဖွဲ့အစည်းများမှ စာရင်းပညာရှင်များနှင့် စာရင်းကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံ   လက်မှတ်ရ ပြည်သူ့စာရင်းကိုင် များအသင်းဝင်များနှင့်   စာရင်းပညာ စိတ်ဝင်စားသူများက Virtual စနစ်ဖြင့် လည်းကောင်း   တက်ရောက်ခဲ့ကြပြီး ခမ်းနားစွာ   ကျင်းပဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမှာလည်း    ဂုဏ်ယူကျေနပ်ဖွယ် မှတ်တိုင် တစ်ခုဖြစ်သည်။

 

စာရင်းပညာပြည့်ဝစွာဖြင့်  ပျံ့သင်းဂုဏ်ရည်စာရင်းကောင်စီ

ယခုအချိန်အခါတွင်   နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ကဏ္ဍပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် လျက်ရှိရာ   နိုင်ငံတော်၏  လိုအပ်ချက် တစ်ရပ်ဖြစ်သည့် အရည်အသွေးပြည့်ဝသော  စာရင်းပညာရှင်များနှင့်  စာရင်း ကျွမ်းကျင်သူများကို နှစ်စဉ်ဆက်လက် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်သည်။  ထို့ပြင်   မြန်မာနိုင်ငံ စာရင်းကောင်စီ၊   မြန်မာနိုင်ငံ လက်မှတ်ရ  ပြည်သူ့စာရင်းကိုင်များ     အသင်းနှင့်စာရင်းပညာ ရှင်များ      ပူးပေါင်းကာ အာဆီယံဒေသတွင်း နိုင်ငံတကာစံများနှင့်အညီ   လိုက်နာကျင့်သုံးပြီး  စာရင်း ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “စာရင်းပညာပြည့်ဝစွာဖြင့်    ပျံ့သင်းဂုဏ်ရည် စာရင်းကောင်စီ”  ဆောင်ပုဒ်နှင့်အညီ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်   တိုက်တွန်းရင်း မြန်မာနိုင်ငံ           စာရင်းကောင်စီ၏ နှစ် ၅၀ ပြည့်ရွှေရတုကို ဂုဏ်ပြုလိုက်ပါသည်။     ။