မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်က ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အာဟာရ ဖြည့်စွက်စာနှင့် ဟင်းသီးဟင်းရွက်များ လှူဒါန်း

နေပြည်တော် ဇူလိုင် ၂၀

 

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ်က ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အာဟာရ ဖြည့်စွက်စာနှင့် ဟင်းသီးဟင်းရွက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့(ကိုယ်စား) မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်မျိုးဝင်း(ငြိမ်း)သည် ယနေ့ နံနက် ၉နာရီတွင်  ဒက္ခိဏသီရိမြို့နယ်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် နေထိုင်ကြသော အဘိုး ၁၁၅ ဦး၊ အဘွား ၅၈ ဦး ပေါင်း ၁၇၃ ဦးတို့ အတွက် ကျန်းမာရေးနှင်ညီညွတ်စွာ နေထိုင်နိုင်ရေး အထောက်အကူဖြစ်စေသည့် သဘာဝသစ်သီး သစ်ဥများကို ဂျပန်နည်းပညာဖြင့် ဖော်စပ်ထုတ်လုပ်ထားသော အာဟာရဖြည့်စွက်စာအထုပ်ရေ ၂၀၀ (ကာလ တန်ဘိုးငွေကျပ် ၉  သန်း ခန့်)နှင့် ခြံထွက်ဟင်းသီးဟင်းရွက်များကို  ပေးအပ်လှူဒါန်းရာ  ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ တာဝန်ခံ အရာရှိ ဗိုလ်မှူး သောင်းမြင့်(ငြိမ်း)က လက်ခံရယူခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)