ရန်ကုန်  ဖေဖော်ဝါရီ   ၁၈

မြန်မာနိုင်ငံ      ဂေါက်သီး အားကစားအဖွဲ့ချုပ်က ကြီးမှူး၍ SAE PAING Development Ltd နှင့် Phyo Si Thu Teak Plantation (Myanmar) တို့က အဓိကကူညီ ပံ့ပိုးသော  ၂၀၂၆  မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား  ဂေါက်သီးရိုက်ပြိုင်ပွဲ ၏ ပထမပွဲစဉ်ဖြစ်သော မျိုးဆက် သစ်လူငယ်  ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက    ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌  ပြုလုပ်သည်။

ဖွင့်လှစ်ပေး

ဦးစွာ  မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးနှင့် Junior Golf Myanmar ဥက္ကဋ္ဌ ဦးအောင်ကိုဇော်၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူးနှင့်   Junior  Golf Myanmar    အတွင်းရေးမှူး ဦးတင်မောင်မောင်ဝင်းနှင့် Junior Golf Myanmar တွဲဖက်အတွင်းရေးမှူး ဦးချစ်ဆွေတို့က အလှည့်ကျ ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေး ပြီး ပထမနေ့ ၁၈ ကျင်း စတင်ယှဉ်ပြိုင်သည်။

ပထမပွဲစဉ်ဖြစ်သော မျိုးဆက်သစ်လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင်ကစားသမား ၃၂  ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး မျိုးဆက်သစ် ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်းတိုးတက်လာစေရန်နှင့်    နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး Alpine သောက်ရေသန့်ကလည်း   ကူညီပံ့ပိုးထားကြောင်း သိရသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MGF