မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လေကြောင်းနှင့်ရေကြောင်း လူငယ် (သင်တန်းသား/သင်တန်းသူ)များကို လူငယ်အသိပညာပေးဆိုင်ရာများ ဆွေးနွေးမှာကြား

နေပြည်တော် မေ ၁၆

ကျောင်းသား/ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း အသိပညာများ ဖွံဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါ သနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာ စေရန် ရည်ရွယ်၍ တပ်မတော် (ရေ)က ရေကြောင်းအခြေခံနှင့် တန်းမြင့်သင်တန်းများကို ရေကြောင်းလူငယ် သင်တန်းစခန်း(၁၁)ခု၌ သင်တန်းသား/သင်တန်းသူ (၇၁၂)ဦးဖြင့်လည်း ကောင်း၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများကို သင်တန်းစခန်း (၁၇)ခု၌ သင်တန်းသား/ သင်တန်းသူ (၆၈၀)တို့ဖြင့်လည်းကောင်း၊ ဧပြီလ(၂၄)ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

လူငယ်ဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီမှ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်သို့ သွားရောက်၍ သင်တန်းတက် ရောက်နေသည့် လေကြောင်းလူငယ် သင်တန်းသား/သင်တန်းသူများကို လူငယ်ဖွံ့ဖြိုးတိုးတက် ရေး အသိပညာပေးဆိုင်ရာများကို ရှင်းလင်းပြောကြား၍ သင်တန်းသား/သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားကစား ပစ္စည်းဘော လုံး(၁၀၀)ကို ပေးအပ်လှူဒါန်းသည်။ အခမ်းအနားသို့ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ ခရိုင် လူငယ်ရေးရာကော်မတီမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့ကလည်း ရန်ကုန်မြို့၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်တွင် တပ်မတော်(ရေ)က ဖွင့်လှစ်သည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ ဆင်းပွဲ သို တက်ရောက်ခဲ့ပြီး ဂုဏ်ပြုအမှာစကားပြောကြားကာ အားကစားပစ္စည်းဘောလုံး (၁၀၀) ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်